Part (4)

1.4K 118 0
                                    

Unicode

"ဟင် နင်ပိုင်ပိုင်တို့မိသားစုဒုက္ခအကြီးအကျယ်ရောက်လိုက်တာမသိဘူးလား "

တိုက်ခန်းမှအပြန်ဖြစ်သည်။ဇော်လင်းညိုတို့ပြန်ဆို မော်လီလဲ ပြန်လိုက်လာခဲ့ပြီးပိုင်ပိုင်ကိုဘာလို့ အခန်းခွဲနေရတဲ့အကြောင်းကိုမေးတော့သူမဖြေလိုက်သည်။သို့သော်သူမအဖြေကလဲမေးခွန်းဆန်သည်။

"ဒုက္ခရောက်ကြတယ်ဟုတ်လားမော်လီ ဘယ်လိုဖြစ်ကြတာလဲ "

"ဇော်လင်းညိုရယ် နင်ကဘယ်နိုင်ငံတွေရောက်နေလို့လဲ ထားပါတော့မသိရင်ငါပြောပြမယ် လွန်ခဲ့တဲ့တစ်နှစ်လောက်က ပိုင်ပိုင်ရဲ့အဖေနဲ့အမေကားအက်စီးဒင့်ဖြစ်ပြီးပွဲချင်းပြီးဆုံးသွားကြတယ်လေ ဖြစ်ချင်တော့သူတို့ကုမ္ပဏီကလဲအရှုံးပေါ်နေတဲ့အချိန်နဲ့တိုးပြီး ပိုင်ပိုင်ခမျာ ဘာမှမသိမတတ်နဲ့​ မိဘတွေအတွက်ပူဆွေးနေရတဲ့ကြားက အိမ်နဲ့ခြံကိုရောင်းပြီးအကြွေးတွေဆပ်လိုက်ရတယ်လေ "

"ဟာ အဲလိုဖြစ်သွားတာလား ဟာ ငါမသိဘူးမော်လီရ "

"နင်King ကိုမသိဘူးလား အဲဒီသတင်းကဟိုးလေးတကျော်ဖြစ်ခဲ့တာလေ "

"King ဟုတ်လား ဟာ အဲဒါကပိုင်မင်းဦးတို့ပိုင်တာလား အဲဒါဆိုရင်ငါသိတာပေါ့ ဒါပေမဲ့သူက King ရဲ့သားဆိုတာတော့ငါတကယ်မသိဘူးမော်လီ "

"ဟုတ်မှာပါ ပိုင်ပိုင်ကလဲသူ့အကြောင်းကိုတခြားသူတွေမသိစေချင်ဘူးလေ အခုနင်ကသူနဲ့အတူနေရမှာဆိုတော့နင့်ကိုပဲအကူအညီတောင်းချင်တယ်ဇော်လင်းညိုရယ် ပိုင်ပိုင်နဲ့အဆင်ပြေအောင်နေပါဟာ သူ့ပုံစံကလူတစ်ယောက်ကိုမခံမရပ်နိုင်အောင်အဖြစ်မျိုးလုပ်ချင်လုပ်လိမ့်မယ် သူ့ရဲ့စိတ်ရင်းကအရမ်းကိုနူးညံ့သိမ်မွေ့ပါတယ် အခုချိန်မှာသူအားငယ်နေတယ် တသက်လုံးဘာအလုပ်မှမလုပ်မကိုင်ပဲနေလာခဲ့တဲ့သူ အခုလဲဘာလုပ်ရမယ်ဆိုတာသူ့ကိုယ်သူမသိသလို ဘာအလုပ်မှလဲမလုပ်တတ်ဘူးဖြစ်နေတယ် "

"တစ်နှစ်ဆိုတဲ့ကာလကြီးပဲရှိနေပြီပဲ သူနေတတ်ရမှာပေါ့ "

"အင်း သူအခုဘယ်အလုပ်မဆိုရရင်လုပ်မယ်လို့ပြောတယ် ဒါပေမဲ့ဟာ အလုပ်ဆိုတာရှာတိုင်းလဲမလွယ်ဘူးမဟုတ်လား "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Donde viven las historias. Descúbrelo ahora