Unicode
"ပြန်မလာသေးဘူးလား "
"ဘာဖြစ်လို့ခဏခဏဖုန်းဆက်နေရတာလဲ မပြီးသေးလို့မလာတာပေါ့ "
"လွမ်းလို့ပေါ့ ကိုယ်အခု မင်းအိမ်မှာရောက်နေတယ် အလုပ်ပြီးရင် တန်းပြီးပြန်လာခဲ့နော် ကိုယ်ဟင်းတွေချက်နေတယ် ညစာအတူစားရအောင်လို့ "
"ဟင် မင်းရဲ့လက်ကကောင်းသေးလို့လား နားနားနေနေနေပါ အနာပေါ်ဒုတ်ကျဖြစ်နေအုံးမယ် "
"ဟင်း ဒါလားငါ့ကိုအရမ်းချစ်ပါတယ်ဆိုတဲ့သူ ကိုယ့်ချစ်သူတစ်ယောက်လုံးပတ်တီးဖြီထားတာမသိဘူးလား ဒီနေ့ပဲပတ်တီးဖြီပြီးသွားပြီ အဲဒါကြောင့် မင်းအိမ်လာပြီး ညစာအတွက်ပြင်ဆင်နေတာ အလုပ်များနေလဲထားခဲ့ကွာ ဒီမှာကိုယ့်အလုပ်တွေအများကြီး "
"ပြောရင်းနဲ့ဘာလို့ ဖောက်လာရပြန်တာလဲ ဘယ်သူကအိမ်ကိုလာပြီး ညစာချက်ကျွေးပါပြောလို့လဲ "
"ဟွန်း မပြောပါဘူး ဒါပေမဲ့ ချစ်သူရဲ့မျက်နှာကိုမမြင်ရတာကြာပြီလေ လွမ်းလို့လာတာပေါ့ တော်ပြီကွာ ဖုန်းချလိုက်တော့မယ် နောက်တစ်နာရီနေလို့မှမရောက်ရင်တော့ ငါ့အကြောင်းသိစေရမယ် "
"တူ.."
"ဟာ "
ပြောပြောဆိုဆိုနဲ့ ချသွားတဲ့သူ့ကြောင့် ပိုင်မင်းဦး စိတ်ညစ်သွားသည်။ ဒီရက်ပိုင် အလုပ်ကလဲများနေတော့ သူကတွေ့ဖို့ခေါ်တိုင်းလဲ မတွေ့ဖြစ်ခဲ့ ။ အခုသူပြောသလိုသာမဟုတ်ရင် သူ့အကြောင်းဆိုတာကို သိတော့မည် ။
"ဘယ်လိုလဲ အစီအစဥ်ပြောင်းလိုက်ရမလား "
အလုပ်အကြောင်းပြောနေရင်းမှ ဖုန်းလာ၍ ထသွားတဲ့ ပိုင်မင်းဦးကို ဖုန်းပြောပြီပြန်အလာ သူ့မျက်နှာကိုကြည့်၍ အကဲခတ်ကာ ကိုမင်းကျော်မေးလိုက်သည်။ ထိုအခါပိုင်မင်းဦး ပြုံးလိုက်ပြီး သူ့ကိုအားနာနေ၍ ခေါင်းကိုညိတ်ကာ သက်ပြင်းချလိုက်သည်။
"ကိုယ်နားလည်ပါတယ် အခုချိန်မှာအတူရှိနေသင့်တာပေါ့ အလုပ်ကိုနောက်မှလုပ်လဲ ဖြစ်ပါတယ် ပြန်ရင်ပြန်လိုက်လေ "
"အဲလိုလုပ်မလား ဒီဟာကကြာနေတော့ အားလဲနာပါတယ် ဒါပေမဲ့ "
"ဟုတ်ပါပြီ နားလည်တယ်လို့ပြောတယ်မဟုတ်လား ဪ သူ့ကိုပြောလိုက်ပါ အဖေကမေးနေတယ် ဘယ်အချိန်အိမ်လာမှာလဲလို့ မေးပေးပါ "
YOU ARE READING
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomanceUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...