Part ( 27 )

960 78 1
                                    

Unicode

"ဘယ်လိုလဲ ရယ်ဒီဖြစ်နေပြီလား "

ကိုမင်းကျော်ရဲ့မေးခွန်းကိုပိုင်မင်းဦးပြုံးကာခေါင်းညိတ်၍ဖြေလိုက်သည်။

"ကျွန်တော်အကောင်းဆုံးလုပ်သွားပါ့မယ် ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့လုပ်ခိုင်းတာကို စိတ်မပျက်စေရပါဘူး "

"အင်း ငါမင်းကိုယုံလို့အပ်လိုက်တာပဲ မင်းကြိုးစားပေါ့ "

"ဟုတ် ဒါနဲ့ ကိုမင်းကျော်ခရီးထွက်ရမယ်ဆို ဘယ်သွားမှာလဲ "

ရုံးထဲမှ လူတချို့ရဲ့စကားသံကြောင့်ပိုင်မင်းဦးမေးလိုက်ခြင်းပင်ဖြစ်သည်။ သူ့အတွက်ဆရာဆိုလဲမမှာတဲ့ သူသာမရှိရင် စာရေးဖို့အတွက်အကူအညီမဲ့သလိုဖြစ်သွားမည် ။ ဒါဆိုရင်သူလုပ်တတ်မှာမဟုတ် ။လုပ်တယ်ပဲထား တခုခုဆိုအလွယ်တကူဆုံးဖြတ်ချက်ချရမယ်ဆိုရင် သူမရှိတော့အဆင်မပြေ ။

"အင်းဟုတ်တယ် ရိုက်ကွင်းကလှမ်းခေါ်နေလို့လေ MTV လေးမို့ တပည့်နဲ့လွှဲထားတယ် တခုမှအဆင်မပြေဘူးလေ အဲဒါပုဂံကိုသွားရမယ် "

"ပုဂံ "

ပုဂံဆို၍ ဇော်လင်းညိုလဲ ပုဂံကိုသီချင်းMTV သွားရိုက်တာဆိုတော့ ကိုမင်းကျော်သွားမှာသူတို့ဆီများလားလို့တွေးမိသည်။

"ဟုတ်တယ် ရိုက်ကွင်းကပုဂံမှာလေ အဲဒါပြောမလို့ ဝတ္ထုကလဲ ပုဂံရဲ့အကြောင်းတွေပါနေတော့ မင်းလေ့လာလို့ရအောင် တခါတည်းလိုက်ခဲ့ဖို့ပြောမလို့ ဘယ်လိုလဲ "

"ကျွန်တော်ရောလိုက်ရမယ် "

"ဟုတ်တယ် ပုဂံဘုရားဖူးရင် ဇာတ်လမ်းအတွက်လေ့လာရင်း အပမ်းဖြေရင်းပေါ့ အပြန်မှ ဇာတ်ညွှန်းကိုစရေးလေ အဲဒါမှ စိတ်အပမ်းပြေပြီး ပိုအဆင်ပြေမှာ "

ပိုင်မင်းဦးဘာ​ပြန်ပြောရမှန်းမသိဖြစ်သွားသည်။ အဖြစ်နိုင်ဆုံးက သူသွားမဲ့ရိုက်ကွင်းဆိုတာဇော်လင်းညိုတို့ထံသာဖြစ်လိမ့်မည် ။

သူ့ကိုအရမ်းတွေ့ချင်ပါတယ် ။ဒါပေမဲ့ ကိုမင်းကျော်နဲ့အတူလာတယ်ဆိုတာသူသိရင် စိတ်ဆိုးအုံးမှာ ။ ကိုမင်းကျော်နဲ့ပတ်သက်ပြီး သူ့ကိုခဏခဏသတိပေးသလိုနဲ့ပြောတတ်သည်။ သူနဲ့လဲစကားမများချင်၍ ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုင်မင်းဦးသူကိုဘာမှမပြော ။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now