Part ( 26 )

999 83 3
                                    

Unicode

"မအိပ်သေးဘူးလား မနက်ဖြန်ခရီးထွက်ရမှာမို့အစောကြီးနားမယ်ဆို "

ညဆယ်နာရီထိုးတဲ့အထိမသွားသေးတဲ့ဇော်လင်းညိုကိုသူမေးလိုက်ခြင်းဖြစ်သည်။ သူလဲ စိတ်သက်သာရာ ရသွားတော့ ပိုင်မင်းဦး စာပြန်ရေးနေတာကိုသူက ဘေးနားမှာ ဖုန်းကိုကလိရင်း စောင့်နေသည်။

"ဟင့်အင် မအိပ်ချင်သေးဘူး "

"မအိပ်ချင်လဲ သွားအိပ်တော့ အိပ်ရေးမဝရင် ခရီးပမ်းလိမ့်မယ် "

"သွားအိပ်လို့ မနက်ဖြန်ရောက်သွားရင် မင်းနဲ့ခွဲရတော့မှာစိုးလို့ "

ဖုန်းကိုကြည့်ရင်းပြောနေတဲ့ သူ့စကားကြောင့် ပိုင်မင်းဦး ကွန်ပြူတာရှေ့မှ သူ့ကိုလှည့်ကြည့်လိုက်မိသည်။ သူကတော့အေးဆေးပဲ ဖုန်းကိုသာဆက်ပွတ်နေသည်။ သူပြောတဲ့စကားအဓိပ္ပါယ်ကို ပြန်မစဥ်းစားဘူးလားမသိ။

"ဟင်း ငါတော့စာရေးပြီးသွားပြီ သွားအိပ်တော့မယ် "

"မအိပ်ပါနဲ့အုံးအစောကြီးရှိသေးတယ် ငါပျင်းလို့ "

"မင်းပဲအမျိုးမျိုးနော် စောစောကကျ စောစောနားမယ်ဆိုပြီးငါ့ကိုနှင်ထုတ်နေတယ် အခုကျပျင်းလို့ဆိုပြီးခေါ်ထားပြန်ပြီ ငါအိပ်ချင်ပြီကွ ပြီးတော့ မင်းလဲအိပ်တော့ နားတော့ "

"မင်းမနက်ဖြန်အလုပ်သွားရအုံးမှာလား "

"အင်း သွားရမှာပေါ့ စာမူတွေရေးထားတာ သွားပို့ရမှာ "

"ဒါဆိုအခုကတည်းကနှုတ်ဆက်ထားရမှာလား "

"မင်းကလဲကွာ မင်းကဘယ်လောက်ကြာမှာမို့လဲ သုံးလေးရက်ပဲဆို အပိုတွေလုပ်မနေနဲ့ မင်းစော်ကိုပဲသတိရပါ "

"သူနဲ့ငါက ပျက်သွားပြီ အခုငါက ဆင်ဂယ်"

"စောင့်ကြည့်ရသေးတာပေါ့ "

"မင်းငါနဲ့လိုက်ခဲ့ပါလား "

"ဟင်းဟင်း ကျေးဇူးပဲ ဒါပေမဲ့ငါမအားဘူး ငါသွားအိပ်တော့မယ် "

ဟိုကအတည်ကြီးပြောနေပေမဲ့ ပိုင်မင်းဦးက ပြုံးဖြဲဖြဲနဲ့ ပြောပြီး ထိုင်ရာမှထသွားရန်ပြင်လိုက်စဥ် ဇော်လင်းညိုက သူ့ရဲ့လက်ကိုဆွဲထားလိုက်တော့ ပိုင်မင်းဦး နောက်သို့လန်ကျသွားပြီးခုံပေါ်မှာ ပတ်လက်အိပ်နေတဲ့ ဇော်လင်းညိုပေါ်သို့ထပ်ကာကျသွားသည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Opowieści tętniące życiem. Odkryj je teraz