Part (35)

1.1K 83 1
                                    

Unicode

"အတောအတွင်း ငါမင်းကို သတိရနေခဲ့တာ "

"ဟင်း "

မေ့လိုက်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့ပေမဲ့ မထင်မှတ်ပဲ တွေ့လိုက်ရတော့ သူစိတ်လှုပ်ရှားခဲ့ရသည်။ ဘာအဓိပ္ပါယ်မှန်းမသိတဲ့ သူ့စကားက ဘာကိုရည်ညွှန်းနေမှန်းမသိ မျှော်လင့်ချက်တွေပေးနေသလို ။

ဟူး ပိုင်မင်းဦး ဒါက သူ့ရဲ့အကျင့်ပဲလေ လူတစ်ယောက်ကို ယုံးစားလောက်တဲ့ထိ ဟန်ဆောင်ကောင်းပြ မျှော်လင့်ချက်တွေပေးပြပြီး အဆုံးမှာ သူလုပ်ချင်သလိုလုပ်သွားခဲ့တာပဲ

"သူပြန်ရောက်နေပြီ ကိုမင်းကျော် "

"အင်း ဟုတ်တယ် တလောကမှပြန်ရောက်တာ ဒါနဲ့ မင်းနဲ့တွေ့ပြီးပြီလား "

ကိုမင်းကျော်နဲ့ ထမင်းစားချိန်မှာ အတူစားရင်း သူနဲ့ဆုံဖြစ်ခဲ့တာတွေကိုပြောပြဖြစ်သည်။ ကိုမင်းကျော်က သူ့ရဲ့အလုပ်ရှင်ဆိုတာထက် သူ့အပေါ်နားလည်ပေးတဲ့ သူငယ်ချင်းတစ်ယောက်လို အကိုတစ်ယောက်လို နားလည်ပေးသည်။ အားကိုးရသည် ။

"ဒါဆိုရင် သူ မင်းကို ပြန်ပြီး ဆက်သွယ်ချင်နေပုံပဲ "

"ဒါက သူ့ရဲ့အကျင့်ပဲလေ လူတစ်ယောက်ကိုကစားဖို့ပဲတွေးနေတတ်တာ သူ့အကျင့်ပဲလေ ဒါကို ပြန်ပြီးကစားခံရလောက်အောင် ကျွန်တော်မ အ ချင်တော့ဘူး "

"အင်း သူနဲ့ ရှု့မငြီးဆိုတဲ့တစ်ယောက်ကလဲ မပျက်သေးတော့ ကိုယ်လဲ ဘယ်လိုပြောရမှန်းမသိဘူး ဒါနဲ့ ဖေဖေကတောင်ပြောနေသေးတယ် မင်းအိမ်ကိုအလည်မလာတာကြာပြီတဲ့ လာခဲ့ပါအုံးတဲ့ ဒီနေ့အားတယ်မဟုတ်လား အပြန် အိမ်ကိုလိုက်ခဲ့လေ "

ကိုမင်းကျော်နဲ့ ပတ်သက်ပြီးဆိုသလို ဦးမျိုးမြင့်နဲ့ ရင်းနီးခဲ့သည်။ ဦးမျိုးမြင့်က သူ့ကို ခင်ရှာပြီး အိမ်ကိုလဲ မကြာခဏလာဖို့ပြောထားပေမဲ့ အလုပ်ကိစ္စက ရှုပ်နေတော့ မသွားဖြစ် ။

"ဒီနေ့တော့ မအားဘူးကိုမင်းကျော် ဒီကအလုပ်ပြီးရင် သူငယ်ချင်းနဲ့ချိန်းထားလို့ သူကရှိုးပွဲတစ်ခုကို သွားဖို့အဖော်ခေါ်ထားလို့ပါ "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Donde viven las historias. Descúbrelo ahora