Unicode
သူ့ရဲ့ဘေး၌ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတဲ့ ပိုင်မင်းဦးကို သူကြည့်နေမိသည်။ ဘယ်တုန်းကမှ သူ့ကို ချစ်ဖို့ကောင်းတယ်လို့မမြင်ခဲ့ဖူးပါ ။သို့သော်...
နီးကပ်လွန်းတဲ့မျက်ဝန်းနှစ်ခုရဲ့ကြားက အဆက်အသွယ်တွေကနေ သူ့ရဲ့ မျက်နှာကို သေချာကြည့်မိရင်း သူရင်ခုန်ခဲ့မိသည်။ မငြင်းပါဘူး ထိုအခိုက်အတန့်ကို သူရင်ခုန်ခဲ့ပါသည်။
ချာချာလည်အောင်သူ့ကိုပွေ့ရမ်းလိုက်တဲ့အရှိန်နဲ့သူပါ မူးသွားကာမထိန်းနိုင်ပဲ ပိုင်မင်းဦးအပေါ်ထပ်ကာလဲကျသွားခဲ့သည်။
သူ့ရဲ့မျက်နှာကိုအခုလိုတစ်ခါမှ နီးနီးကပ်ကပ်ကြီးမကြည့်ခဲ့ဖူးခဲ့ ။အခုလိုကြည့်လိုက်ရတဲ့အခိုက်အတန့် ပိုင်မင်းဦးဟာအရမ်းကိုချစ်ဖို့ကောင်းနေတယ်လို့သူမြင်မိသည်။ ခပ်စူစူနှုတ်ခမ်းပါးလေးတွေက အရမ်းဆွဲဆောင်မှုရှိလှသည်။
ဇော်လင်းညို ထိုသို့မြင်မိတဲ့သူစိတ်ကိုသူအံံဩမိသည်။ တကယ်ဆိုရင် ပိုင်မင်းဦးအားGay ဆိုတာသိထားပေမဲ့ သူ့ကိုယောကျ်ားတစ်ယောက်ဆိုပြီးသတ်မှတ်ထားကာ ဒီလိုမြင်မိမယ်လို့ တခါမှမထင်ထားခဲ့။
သူ့ရဲ့နှုတ်ခမ်းအစုံကိုကြည့်ကာ ဇော်လင်းညို တစ်ခုခုကိုလိုချင်တဲ့စိတ်ဖြစ်လာခဲ့သည်။ ဒါဟာလဲ သူအရင်ကတခါမှမဖြစ်ဖူးခဲ့တဲ့ခံစားချက်မျိုး ။ မိန်းကလေးတစ်ယောက်အပေါ်ကို လိုချင်နေတဲ့ ဆန္ဒမျိုး ။ ထိန်းချုပ်ဖို့ခက်လှသည်။ သူထိုဆန္ဒတွေအပေါ် လိုက်လျောခဲ့ရင်း သူ့ရဲ့ နှုတ်ခမ်းများနဲ့ ထိတွေ့ဖို့ ကြားမှာ လေသာဝင်လောက်တဲ့အချိန်မှာ စားပွဲပေါ်မှ ပိုင်မင်းဦးရဲ့ဖုန်းလေးကမြည်လာ၍ သူစိတ်တွေကိုထိန်းချုပ်ကာ ပိုင်မင်းဦးအပေါ်မှ ဘေးသို့ လှိမ့်ချလိုက်သည်။
ဖုန်းသာဝင်မလာရင် သူ့ကိုဘယ်အထိခရီးဆက်မယ်ဆိုတာတွေး လို့တောင်မရခဲ့ ။
'မင်း ဘာဖြစ်နေတာလဲ ဇော်လင်းညို မင်းဘာလို့အဲဒီလိုစိတ်တွေဖြစ်သွားရတာလဲ '
ဇော်လင်းညို စိတ်ထဲမှ သူ့ကိုယ်သူမေးခွန်းထုတ်နေမိသည်။ ပိုင်မင်းဦးရဲ့ နူးညံဝင်းအိတဲ့ မျက်နှာလေးကိုသူပြန်ကြည့်လိုက်တော့ သူ့ရင်ထဲတမျိုးကြီးဖြစ်မိသည်။
![](https://img.wattpad.com/cover/213327795-288-k318761.jpg)
YOU ARE READING
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomanceUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...