Part ( 7 )

1.1K 103 0
                                    

Unicode

အာရုံဦးရဲ့အေးမြမှုနဲ့အတူ ပိုင်မင်းဦးတစ်ယောက်နိုးလာခဲ့သည်။တကိုယ်လုံးလဲ ကိုက်ခဲနေသလိုခံစားရကာ လှုပ်လို့မရ။

ဘယ်ကိုရောက်နေတာလဲဆိုတဲ့မေးခွန်းက သူ့အတွေးထဲရောက်လို့လာကာ အဖြူရောင်မျက်နှာကျက်ကိုကြည့်ရင်းဘေးကိုကြည့်လိုက်ရာ ဆေးပိုက်တချို့နဲ့ ဆေးပုလင်းကိုမြင်လိုက်၍ သူဆေးရုံရောက်နေမှန်းသိလိုက်ရပါသည်။ကိုယ်ပေါ်က အဖြူရောင်ဆေးရုံစောင်ကိုဖယ်ရန်ပြင်တော့ သူ့ရဲ့ဘေးမှာ ကုတင်ကိုမှီ၍ အိပ်နေတဲ့ သူ့ကိုတွေ့လိုက်ရသည်။

သူက ဇော်လင်းညို။
ပိုင်မင်းဦးအံဩနေမိသည်။မနေ့ညက ဒီဆေးရုံကိုရောက်လာခဲ့တာက မော်လီ ။ဘယ်လိုလုပ်ပြီးမော်လီကရှိမနေပဲ သူရောက်နေတာလဲ

"ဟင် မင်းနိုးပြီလား "

အိပ်ရေးဆတ်တာလား လူနာစောင့်တဲ့လူနာစောင့်တစ်ယောက်ရဲ့ဝီရိယထားပြီးအိပ်တာကြောင့်လားမသိ လှုပ်လာတဲ့ပိုင်မင်းဦးကြောင့် သူဖြတ်ခနဲ့ဆိုသလိုလူးလွန့်ကာနိုးလာပြီးမေးသည်။

"အင်း "

"မင်းသက်သာရဲ့လား ဘယ်နေရာတွေနာနေသေးလဲ "

"ဒီလိုပါပဲ ထိခိုက်တဲ့ဒဏ်​​ကြောင့် တကိုယ်လုံးတော့နာနေတယ် "

"အင်း ဒေါက်တာကတော့ပြောတယ်၊အဲလိုဖြစ်လိမ့်မယ်လို့ ဒါပေမဲ့သက်သာသွားမှာပါ "

လှဲနေရာမှ ထရန်ပြန်နေတာကြောင့် ဇော်လင်းညိုတွဲကူကာထူပေးလိုက်သည်။

"ဒီတိုင်းထိုင်မနေနိုင်ရင် မှီနေလိုက်လေ "

"ရပါတယ် အဆင်ပြေပါတယ် ဒါနဲ့ မင်းကဘယ်လိုရောက်လာတာလဲ မော်လီရော "

"မော်လီကငါ့ကိုဖုန်းဆက်တာနဲ့ငါလာလိုက်တာ ဒီရောက်တော့သူ့ကိုပြန်ခိုင်းလိုက်တယ် "

"ငါ့ကြောင့်မင်းဒုက္ခများရပြီ ဒီမနက် မင်းအလုပ်သွားရမှာမလား ​နောက်ကျနေပြီထင်တယ် သွားတော့လေ "

"ငါခွင့်ယူလိုက်တယ် မနက်ဖြန်စနေ ရယ် တနဂ်နွေရယ်ဆိုတော့ ငါသုံးရက်အနားရတယ် မင်းဘာမှအားမငယ်နဲ့ ငါမင်းဘေးနားမှာရှိနေပေးမယ် "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now