Part ( 29 )

1K 87 2
                                    

Unicode

"ကဲပါ စိတ်ညစ်စရာတွေဘေးချိတ်ထားပြီး ဒီညစာစားပွဲလေးမှာပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါ စားကြပါ သောက်ကြပါ အလုပ်ကိစ္စကလဲ ကျွန်တော်ရောက်လာပြီပဲ အားလုံးအဆင်ပြေသွားမှာပါ စိတ်ချရပြီထင်လို့မျက်နှာလွှဲလိုက်မိတဲ့အတွက်လား တာဝန်ရှိသူတစ်ဦး တစ်ယောက်ချင်းစီကို တောင်းပန်ပါတယ် အဲဒါကြောင့် ဒီညစာစားပွဲလေးကို ခရီးပမ်းနေတဲ့ကြားက စီစဥ်ပေးခဲ့တာပါ အားလုံးပျော်ပျော်ပါးပါးနေကြပါ "

ကိုမင်းကျော်က သူ့ရုပ်ရှင်နဲ့စက်အဖွဲ့သား အားလုံးရဲ့ရှေ့မှာ ရပ်ပြီး ပြောလိုက်သည်။ သူ့စကားသံအဆုံးမှာ အားလုံး က လက်ခုပ်တီးပြီး အခန်းအနားကိုစတင်ဖွင့်လိုက်ကြသည်။

"ဘယ်လိုလဲ ပိုင်မင်းဦး ရောက်မစိုက်ဆိုသလို မနားရပဲ ဒီပါတီလေးကိုလာရတော့ ပင်ပမ်းနေပြီလား "

"ရပါတယ်ကိုမင်းကျော်ရ အလုပ်လုပ်ရတာမှမဟုတ်တာ စားရသောက်ရတာလောက်တော့ ပင်ပမ်းချင် ပင်ပမ်းပါစေ အဟင်း ဒီလိုပွဲလေးလုပ်တာ ကျွန်တော့်ကိုတော့မပြောဘူး ကူညီညာဝိုင်းလုပ်လို့ရတာပေါ့ အခုတော့အခုမှသိရတယ် "

"ကိုယ်လဲစီစဥ်ညွှန်ကြားရုံပါ ကိုယ့်အတွက်နဲ့အချိန်တွေကျန့်ကြာနေတော့ တောင်ပန်တဲ့အနေနဲ့ ပွဲလေးလုပ်ပေးချင်တာနဲ့ လုပ်လိုက်တာ "

သူ့ရဲ့ဘေးမှ ပိုင်မင်းဦးဟာ သူ့ကိုမကြည့်ပဲ  ဟိုဘက်ဘေးမှ ထွန်းမင်းကျော်နဲ့စကားပြောနေ၍ ဇော်လင်းညိုမကျေမနပ်ဖြစ်သွားရပြန်သည်။

ဒါ့ကြောင့် အစကတည်းက သူနဲ့အတူမထိုင်ချင်၍ တခြားဝိုင်းမှာထိုင်မယ်လုပ်ပေမဲ့ ပိုင်မင်းဦးက သူ့ရဲ့ ဘော့စ်နဲ့ အတူထိုင်သင့်တယ်ဆိုတာကတကြောင်း လင်းလင်းနွယ်ကလဲ သူတို့နဲ့ထိုင်ပါဆိုပြီးပြောတာကတကြောင်းကြောင့် သူတို့နဲ့အတူထိုင်လိုက်ရသည်။

"ဒါလေးကောင်းတယ် စားကြည့် ရော့ "

သူတို့ပြောနေတဲ့ကြားသို့ဇော်လင်းညိုစကားဖြတ်ကာပြောလိုက်ပြီး စားသောက်ဖွယ်ရာထဲမှ တစ်ခုကိုယူကာ ပိုင်မင်းဦးအားခွန့်လိုက်သည်။ထို့ကြောင့် ပိုင်မင်းဦးကြောင်သွားပြီး သူခွန့်တာကို စားရမလို မစားရမလိုနဲ့ သူ့လက်ထဲမှခက်ရင်းကိုယူကာ သူဟာသူစားလိုက်ရသည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now