Part ( 13 )

925 76 0
                                    

Unicode

"ပြန်လာကြပြီပေါ့ "

"မင်းဘယ်တုန်းကရောက်နေတာလဲ အထဲကိုမဝင်ပဲနဲ့ကွာ "

အခန်းရဲ့ရှေ့မှာ သူ့တို့ကိုမြင်တော့နှုတ်ဆက်တဲ့ မျိုးကျော်စွာကို သူပြောလိုက်သည်။ဒီတော့သူကမျက်စောင်းကိုထိုး နှုတ်ခမ်းအားမဲ့ကာဖြင့်ဆိုသည်။

"မင်းတို့အခန်းကသော့ခတ်ထားတာလေ ဘယ်လိုဝင်မလဲကွ "

"အေးဟုတ်သားပဲ ဖုန်းဆက်လိုက်ရောပေါ့ "

သူတို့​ပြောနေရင်း ပိုင်မင်းဦးအခန်းတံခါးကိုဖွင့်ကာဖြင့် အားလုံးအထဲသို့ဝင်လာကြသည်ါ

"မင်းဖုန်းကခေါ်လို့မှမရတာ မကိုင်ဘူးလေ "

"ဪ ဟုတ်တယ် အ​ပြင်တစ်ခုခုသွားစားမယ်ဆိုပြီးထွက်သွားတာ ငါဖုန်းကိုမေ့သွားတယ် ဒါနဲ့ဘာကိစ္စနဲ့ အလုပ်အားတော်မူပြီလား "

"ဘယ်က အားရမှာလဲ မအားတဲ့ကြားက ဒီမှာလာစောင့်နေရတာ အဲဒါဘာကြောင့်လဲသိလား အေး မနက်ဖြန်ဆို ပြိုင်ပွဲကစတော့မှာလေ မင်းဝတ်ရမဲ့အဝတ်အစားလာပို့ပေးတာ "

"ဟင် ဘယ်လို "

"ဇော်လင်းညို ငါအခုအလုပ်လုပ်နေတာKing မှာကွ၊ငါအခုတာဝန်ကျနေတာလဲ မင်းတို့လိုပြိုင်ပွဲဝင်တွေအတွက်လိုအပ်နေတာလေးတွေလုပ်ပေးရမဲ့အလုပ်ပဲ "

"ဒါဆိုတောက်တိုပေါ့ "

"မင်းကလဲကွာ အချင်းချင်း အဲလောက်မနှိမ်သင့်ပါဘူး အခုသာခဏတာဝန်လွှဲပြီ ယူထားရတာပါ မန်နေဂျာက ငါ့ကိုအဝတ်အစားတွေပို့ခိုင်းတော့အဲဒီအထဲမင်းဆီကိုအရင်လာပို့ရတာပဲ ဟွန်း ဒါပေမဲ့ မင်းတို့နှစ်ယောက်ကဘယ်သွားနေတယ်မသိလို့စောင့်နေရတာ မင်းတို့နှစ်ယောက်တပူးတွဲတွဲနဲ့ ညားနေကြတာလား "

"ဟာ ဘာတွေပြောနေတာလဲ ကျော်စွာ အဲလိုပြောတာငါမကြိုက်မှန်းသိရဲ့သားနဲ့ ဆွဲထိုးမှာနော် နောက်ပြီး သူကြားသွားရင်မကောင်းဘူး "

သူ့အခန်းထဲ့သို့ဝင်သွားတဲ့ ပိုင်မင်းဦးကိုကြည့်ကာပြောလိုက်သည်။ကျော်စွာက ဧည့်ခန်းမှ ထိုင်ခုံပေါ်ထိုင်ကာဆက်ပြောသည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin