Part (37)

1.2K 84 2
                                    

Unicode

"ဘ ဘယ်လို ဇော်လင်းညိုက နင့်ကိုချစ်တယ်လို့ပြောတယ် ဟုတ်လား "

"တိုးတိုးပြောစမ်းပါမော်လီရယ် အကုန်ကြားကုန်တော့မယ် "

အံဩတကြီးနဲ့ဆိုလာတဲ့ မော်လီရဲ့ အသံက ကျယ်သွာတော့ ပိုင်မင်းဦး ပြောရသေးသည်။ဟော်တယ်ရဲ့အခန်းထဲမှာဆိုတော့ တခြားသူတွေကြားဖို့ဆိုတာမဖြစ်နိုင်၍ တော်သေးသည်။

ဒီတော့မှ မော်လီက ခေါင်းညိတ်ကာ ပိုင်မင်းဦးရဲ့အနားတိုးလိုလာကာ အသံကိုလျှော့၍ မေးသည်။

"ဘယ်လိုပြောတာလဲ ဒီတိုင်း ပြောင်စပ်စပ်ပုံစံလား "

"မဟုတ်ဘူးဟ ဟိုနေ့က နင့်ဆီခရီးသွားဖို့ဖုန်းဆက်တုန်းကလေ အပြင်ကတံခါးခေါက်နေတာသူပေါ့ ဝင်လာပြီး ပြောတာ သူ့ပုံစံက အတည်ပေါက်ကြီးလိုလိုပြောနေပေမဲ့ ငါမယုံပါဘူး "

"ဘယ်လိုလဲ ပိုင်မင်းဦး ငါ မင်းကိုချစ်တယ် ဆိုပြီးတော့လား "

ဆွေးနေတဲ့ မျက်နှာလေးနဲ့ ပိုင်မင်းဦးလက်နှစ်ဖက်ကိုကိုင်ကာပြောနေတဲ့ သူမပုံစံက ဇော်လင်းညိုပြောတာနဲ့ ဆင်နေ၍ ပိုင်မင်းဦး ပြုံးကာခေါင်းညိတ်လိုက်သည်။

"အဲဒါဆို တကယ်ပြောတာရောမဖြစ်နိုင်ဘူးလား ချစ်တယ်ဆိုပြီးပြောဖို့လွယ်ပေမဲ့ နင်ယုံနိုင်လောက်တဲ့ထိပြောဖို့ဆိုတာ တကယ်ခံစားချက်ပါမှလေ "

"ငါမယုံပါဘူး ခံစားချက်ပါဖို့ဆိုတာလဲလွယ်ပါတယ် သူက နိုင်ငံကျော်ရုပ်ရှင်မင်းသားမဟုတ်လား သူ့အိုက်တင်တွေနေမှာပေါ့ "

"မယုံဘူးပေါ့လေ အဲဒီစကားကို နင့်ပါးစပ်ကပဲပြောနိုင်မယ် နင့်မသိစိတ်ထဲကတော့ ယုံနေတယ်ဆိုတာငါသိတယ်ပိုင်ပိုင် "

"မဟုတ်ပါဘူး ငါက သူပြန်တော့ မျက်ရည်ကျတာကို တမျိုးဖြစ်နေတာ "

"ငါကတော့ နင့်ကိုတကယ်ပြောနေတာလို့ထင်တယ် ဒါပေမဲ့ သူကရှု့မငြီးနဲ့မပျက်သေးဘူးမဟုတ်လား နင့်ကရော သူဆက်တိုးလာရင်ဘယ်လိုဆုံးဖြတ်မှာလဲ "

"ငါသူ့ကို ထပ်ပြီးမချစ်ချင်တော့ဘူးမော်လီ ငါသူ့ကြောင့် ထပ်ပြီးမခံစားချင်တော့ဘူး "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Tahanan ng mga kuwento. Tumuklas ngayon