Unicode
"မင်းနာမည်က 'ဇော်' တစ်လုံးထဲလား "
မေးလာသော သူ့ရဲ့စကားက အနည်းငယ် ရင့်နေသည်။ ဘာရယ်မဟုတ် လူကိုအထင်သေးသလိုကြည့်တာကိုလဲမကျေမနပ်ဖြစ်မိသည်။
အဆက်အသွယ်မရှိ ဘာမရှိနဲ့စတင်ခဲ့တဲ့ဒီအလုပ်ကို လုပ်မယ်ဆိုပြီးဆုံးဖြတ်ချက်ချကတည်းက အားလုံးကိုစိတ်ရှည်သည်းခံရမယ်ဆိုတာကိုသူနားလည်ထားသည်။ သည်းခံနိုင်အောင်နေမယ်လို့လဲဆုံးဖြတ်ထားသည်။
"မင်းမှာပါးစပ်မပါဘူးလား ကိုယ့်အထက်လူကမေးရင်ပါးစပ်နဲ့ယဥ်ယဥ်ကျေးကျေးပြောရမယ်ဆိုတာ နားမလည်ဘူးလား "
ကြည့်။ သူ့ရဲ့အမေးကိုခေါင်းညိတ်ဖြေမိတဲ့အတွက် အပြောခံရပြန်ပြီ။ဇော် လူမှုရေးမခေါင်းပါးပါ။သို့သော် သူ့ကိုနည်းနည်းစိတ်ထင့်နေ၍ ပါးစပ်ကမဖြေပဲခေါင်းညိတ်ဖြေခြင်းသာ။အခုတော့ ကျားရှေ့မှမှောက်လျက်လဲ ဆိုသလို အပြစ်ရှာနေသူရှေ့မှ အပြစ်လုပ်လိုက်မိတဲ့မိမိအပြစ်ပါလား
"မဟုတ်ပါဘူး အပြည့်အစုံက ညိုလင်းဇော်ပါ"
သူ့ရဲ့ကိုယ်ရေးအချက်အလက်ဖောင်ကို ထိုလူကသေချာကြည့်နေသည်။ပြီးမှ ဇော်ကိုကြည့်ကာ
"ကဲ ရပြီး မင်းကိုရွေးချယ်တယ်ဆိုရင်ဒီထဲကဖုန်းနံပါတ်အတိုင်းဆက်လိုက်မယ် သွားလို့ရပြီ "
ကြည့်
ဘာမှမေးဖို့မလိုဘူးဆိုလဲ ဖောင်ဖြည့်ပြီးတင်ကြဆိုလဲရနေတာကို။အင်တာဗျူးဖြေရမယ်ရယ်ဘာရယ်နဲ့"ဟင်း သည်းခံညိုလင်းဇော် သည်းခံ "
ငါးလွှာရှိတဲ့အဆောက်အအုံကြီးရဲ့တတိယမြောက်အထပ်၌ဖြစ်သည်။ King ဆိုတဲ့နာမည်နဲ့အနုပညာလုပ်ငန်းပေါင်းများစွာကို မြေထောင်မြှောက်ပေးနေတဲ့ကုမ္ပဏီပေါ့။
အောက်သို့ဆင်းလာရင်းရှေ့မှကားတစ်စီးရဲ့ဘက်မှန်ထဲမှာသူ့ပုံကိုကြည့်၍ ဇော်ပြုံးလိုက်သည်။ကားအနားကိုကပ်ပြီး သူ့ရုပ်ကိုသူသေချာကြည့်ကာ
"ကြည့်စမ်း ငါကအတော်ချောတဲ့ကောင်ပါလား မျက်ခုံးကောင်းကောင်း မျက်တောင်ကော့ကော့ နှာတံသွယ်သွယ်ရဲ့အောက်က ပန်းနုရောင်နှုတ်ခမ်းလှလှ လေးထောင်ကျကျမျက်နှာကျနဲ့ဆံကေသာကို ဟိုမကျဒီမကျ ခပ်ဖွဖွနဲ့ဆိုတော့ ပြောရရင် ငါကမင်းသားဖြစ်မဲ့ရုပ်မျိုးပဲ အဟီး အောင်မလေး မြတ်စွာဘုရား "
![](https://img.wattpad.com/cover/213327795-288-k318761.jpg)
YOU ARE READING
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomanceUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...