Part ( 21 )

999 76 0
                                    

Unicode

"ဟေ့ကောင်လေး ဘယ်လိုလဲအခြေအနေ "

ဖုန်းဆက်နေတဲ့သူ့ကို ရှု့မငြီး ကြည့်ရင်း နားထောင်နေမိသည်။ပိုင်မင်းဦးနဲ့အတူနေတာ မကြိုက်ဘူးဆိုပြီးပွင့်ပွင့်လင်းလင်းပြောထားပေမဲ့ ဇော်လင်းညိုကိုသူအဲလောက်ထိမပိုင်ပါ။

"ပိုင်မင်းဦးဆိုတာ ငါ့ရဲ့သူငယ်ချင်းဆိုလဲဟုတ်တယ် ညီဆိုလဲမှန်တယ် အထီးကျန်တစ်ကောင်ကြွက်ဖြစ် နေတဲ့သူ့ဘဝက ငါနဲ့ဘာမှမခြားဘူး အဲတော့ငါသူ့အနားမှာနေပေးရမယ် မင်းထင်နေသလိုမျိုး သူက Gayဆိုတာမှန်တယ် ဒါပေမဲ့ ပျက်စီးနေတဲ့ Gay မဟုတ်ဘူး။ သူ့ဘဝသူထိန်းကျောင်းရင်း ရိုးရိုးသားသားရုန်းကန်နေတဲ့သူ ငါနဲ့ကလဲညီအကိုတွေလိုနေတာ မင်းမကြိုက်စရာအကြောင်းမရှိဘူး အခုလိုမကြိုက်ဘူးလို့ပြောနေတာ ငါ့သိက္ခာကိုမင်းချနေတာနဲ့အတူတူပဲ " တဲ့လေ။

ဒီတော့ သူမဘာများတတ်နိုင်မှာလဲ ။ မကြိုက်ပေမဲ့ထုတ်မပြောတော့ပဲ ပိုင်မင်းဦးကိုသာကြိတ်၍ မုန်းတီးနေမိတော့သည်။ မြွေမြွေချင်းခြေမြင် ဆိုတာမျိုးလားတော့မသိ သူ ဇော်လင်းညိုကိုကြည့်တဲ့အကြည့်တွေကိုနားလည်နေသလိုလိုရှိသည်။

"ဒီညရုပ်ရှင်သွားကြည့်ရအောင် အဲဒါမင်းပြန်မနေနဲ့တော့ လက်မှတ်ကိုသွားဖြတ်ထားလိုက် ငါအလုပ်ပြီးတာနဲ့ချက်ခြင်းလာခဲ့မယ် "

သူတို့နှစ်ယောက်ထဲအချိန်အချက်လုပ်နေတယ်ဆိုတာသိတော့ ရှု့မငြီး ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူးဆိုပြီး အကြံထုတ်နေသည်။

"ဇော် "

"ဪ ရှု့ ဒီကိုဘာကိစ္စရှိလို့လာတာလဲ "

"ဇော်အလုပ်ပြီးလောက်ပြီထင်တာနဲ့ လာခဲ့လိုက်တာ ဘာလဲ ဇော်ကမကြိုက်လို့လား "

"မဟုတ်ပါဘူး ကိုယ်လဲရှုတင်ကအခုလေးတင်ပြီးတာလေ အဲဒါ "

"ဒါဆို ရှု့နဲ့ညစာအတူသွားစားရအောင်လေ ဇော်အားတယ်မဟုတ်လား "

ဇော်လင်းညိုအားစကားကိုဆုံးအောင်မပြောစေပဲ ကြားထဲမှဖြတ်ကာပြောလိုက်သည်။ ဒီတော့ ဇော်လင်းညို မျက်နှာအနည်းငယ်ပျက်ကာ သူမရဲ့လက်နှစ်ဖက်ကိုဆုတ်ကိုင်လိုက်သည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Donde viven las historias. Descúbrelo ahora