Unicode
တကယ်ဆိုရင် သူနဲ့မပတ်ရဘူးဆိုပြီး လက်ခံထားတဲအလုပ် ။ ပတ်သက်ရလဲ ကိစ္စမရှိလောက်ဘူးဆိုပြီးထင်ထားခဲ့လို့ လက်ခံထားခဲ့တာ ။ သို့ပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး ပြဿနာရှာနေတော့ ပိုင်မင်းဦး စိတ်တိုလာသည်။
"ဒီကနေပဲ ရှင်းလိုက်လို့ရပါတယ် "
"မဟုတ်တော့ဘူး ကိုမင်းကျော် ဒါသူ သက်သက်ကို လုပ်နေတာ "
ရေးထားတဲ့ ဇာတ်ညွှန်းကို မကြိုက်ဘူးဆိုပြီး နေရာတိုင်းကို အကြောင်းအမျိုးမျိုးပြ ပြီး ပြင်ခိုင်းနေတော့တာ ။ ပထမ အပိုင်းကို မကြိုက်လို့ဆိုပြီး ပြင်ပေးလိုက်တယ် ပြင်ပေးလိုက်ပြန်တော့လဲ မကြိုက်သေးဘူးဆိုပြီး ထပ်ပြင်ခိုင်းပြန်တယ် ။ ထပ်ပြင်ပေးတော့လဲ မကြိုက်သေးဘူးဆိုပြီး ထပ်လာပြောပြန်ပြီ ။
တစ်ခါက နှစ်ခါဆိုသည်းခံနိုင်ပေမဲ့ အခုဟာက သုံးခါပြီးရင် လေးခါ ငါးခါတို့က ဆက်လာမှာဖြစ်၍ သူနဲ့ထိပ်တိုက်တွေ့ရတော့မှာ ။ ဒီလိုဖြစ်လာအောင်လဲ သူတမင်လုပ်နေတယ်ဆိုတာ ပိုင်မင်းဦး သိသည်။
"မင်းမှာ တခြားလုပ်စရာတွေရှိသေးတယ်မဟုတ်လား အခုချိန်မှာ မတွေ့တာပဲကောင်းပါတယ် ဒီတစ်ခါ ကိုယ်ပြောလိုက်မယ် လုပ်စရာရှိတာပဲ အာရုံစိုက်ပြီးလုပ်ပါ အဲဒါကို စိတ်ထဲထားမနေနဲ့ "
သူ့မှာ နောက်ထပ်လက်ခံထားတဲ့ အလုပ်ကို အာရုံစိုက်မရပဲ ဖြစ်နေတဲ့ကြားက သူက ထပ်ပြီး ရှုပ်နေတော့ ပိုင်မင်းဦး စိတ်တွေရှုပ်ကာ ဒေါသဖြစ်ရသည်။ဒါကို သိ၍ မင်းကျော် ယခုလိုပြောရခြင်းသာ ။ ဇော်လင်းညိုအနေနဲ့ ယခုကိစ္စမှာ တမင်လုပ်နေတယ်ဆိုတာ သူသိပါသည်။ သို့ပေမဲ့ နောက်အလုပ်အတွက် စိတ်ရှုပ်နေချိန်မှာ သူ့ကြောင့်ပါထပ်ပြီး စိတ်မရှုပ်စေချင်လို့ ။
"အဲဒါဆိုလဲ ကိုမင်းကျော်ပဲ ရှင်းလိုက်ပါ ကျွန်တော် ဒီနေ့ စိတ်တွေရှုပ်လို့ ပြန်နားချင်တယ် "
"အင်း ဒါဆို ပြန်နားလိုက်လေ စိတ်ကြည်ပြီဆိုမှ ရေးပါ အရေးလဲ သိပ်ကြီးတာမှမဟုတ်တာ "
"ဟင်း ကိုယ်ပိုင်ဝတ္ထုကို စပြီးရေးရမှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတယ် အလုပ်တစ်ခုရှိရင် နားပြီးမနေတတ်တဲ့အကျင့်ရှိတာလဲ ကိုမင်းကျော်သိပါတယ် "
ESTÁS LEYENDO
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomanceUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...