Part ( 18 )

951 80 1
                                    

Unicode

ထိုအခန်းထဲနေမှာ နေဖို့မသင့်တော့သလို နေရန်အင်အားလဲမရှိတော့သလိုခံစားရသည်။ဒါကြောင့် ပိုင်မင်းဦး ထိုအခန်းထဲမှ ထွက်လာခဲ့သည်။

ပြိုင်ပွဲရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့်လာကြည့်ကြတဲ့ပရိတ်သက်တွေကလဲ အစီအရီ တိုးလို့ဝင်လာကြချေပြီ။ကိုယ်အားပေးတဲ့ idol ရဲ့ပုံဖြစ်ဖြစ်  နာမည်ဖြစ်ဖြစ် ဗီနိုင်းဆွဲကာကိုင်လာကြသည်ကတမျိုး နဖူးစည်းလေးတွေအဖြစ် စည်းလာကြသည်ကတမျိုးနဲ့အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်နေသည်။

ပြိုင်ပွဲ ခန်းမကြီးရဲ့အပြင်ဘက်မှ ပြိုင်ပွဲဝင်နှစ်ဦးရဲ့ ပုံတွေကိုအကြီးကြီး တွေလုပ်ကာထားရှိပြီး မိမိနှစ်သက်တဲ့ ပြိုင်ပွဲဝင်အား အသဲပုံကပ်ထားကြသည်။ပုံတွေဘယ်လောက်ကြီးပေမဲ့ အားပေးသူတွေရဲ့ အားပေးမှုတွေကြောင့်ပုံတစ်ခုလုံးမှာ အသဲပုံလေးတွေပြည့်လို့နေပြီး မျက်နှာလေးတစ်ခုသာ မြင်ရသည်အထိပင်။

ပိုင်မင်းဦး သူ့ရဲ့ပုံလေးကို ရှေ့တည့်တည့်မှရပ်ကြည့်နေရင်း ဝမ်းနည်းမိလာသည်။

အခုချိန်မှာ ငါ့အတွက်ဘယ်သူမှရှိမနေဘူး။ ငါ့ဘေးနားမှာ ဘယ်သူမှမရှိဘူး ။ ငါချစ်တဲ့သူတိုင်းဘာလို့ ငါ့အတွက်အမြဲရှိနေမပေးနိုင်ရတာလဲ။

မင်းပြောတော့ ငါအားငယ်နေတဲ့ အချိန်တိုင်း ငါ့ကိုအားပေးနှစ်သိပ်မယ်ဆို အခုမင်းငါ့အနားမရှိနိုင်တဲ့အပြင် ငါ့ကိုအားငယ်စေတာ မင်းပဲ ။ငါခံစားနေရတာလဲမင်းကြောင့်ပဲ

"သူငယ်ချင်းကိုလာပြီးအားပေးတာလား ပိုင်မင်းဦး "

"ဟင် ကိုထွန်းမင်းကျော် "

သူ့ရဲ့ပုံအား ကြည့်ကာ တွေဝေနေတုန်း အနားသို့လူတစ်ယောက်ရောက်လာကာ အသံကြား၍ လိုက်ကြည့်လိုက်တော့ ကိုထွန်းမင်းကျော်ဖြစ်နေသည်။

လူကြီးလူကောင်းဆန်စွာ အနက်ရောင်ဖက်ရှင်ကျကျဝတ်ဆင်လာတဲ့ ကိုထွန်းမင်းကျော်ကတကယ်ကြည့်လို့ကောင်းနေသည်။ နက်ခ်တိုင်ကအနည်းငယ်စောင်းနေ၍ ကြည့်ရတာတော့တမျိုးဖြစ်နေသည်။

"နက်ခ် တိုင်စောင်းနေတယ်ကိုထွန်းမင်းကျော် ကျွန်တော်လုပ်ပေးရမလား "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Où les histoires vivent. Découvrez maintenant