Part ( 14 )

891 81 0
                                    

Unicode

ဘယ်ကိုပဲသွားသွား ဘာကိုပဲလုပ်လုပ် သူရှိနေမလားအထင်နဲ့သူလုပ်တဲ့ အချက်အပြုတ်ဆောင်နားသို့သွားပေမဲ့ သူအလုပ်ထွက်သွားပြီလေ။

သူမရှိတော့ရင်ထဲမှာတစ်ခုခုလိုနေသလိုခံစားရသည်။

"သူလဲသူဝါသနာပါတဲ့အလုပ်အတွက် သူအလုပ်ထွက်လိုက်တာလေ နင်လဲနင်ဝါသနာပါတဲ့ဟာကိုကြိုးစားပြီးရအောင်လုပ်ပေါ့ "

မော်လီရဲ့စကားကိုကြားနေမိသည်။သူဝါသနာပါတဲ့ဟာတဲ့။ ငယ်စဥ်ကနေအခုချိန်ထိသူဘာကိုဝါသနာပါမှန်းသေချာမသိခဲ့။ ဟိုဟာလုပ်ချင်သလိုလို ဒီဟာလုပ်ချင်သလိုလိုနဲ့ မတည်ငြိမ်ခဲ့ပါ။

အခုချိန်ဆိုရင်သူ ပြိုင်ပွဲဝင်နေလောက်ပြီ။ပြိုင်ပွဲနဲ့တဖက်ဆိုတော့ ဆိုင်အတွက်အချိန်မပေးနိုင်တော့တာကြောင့် ဆိုင်မှအလုပ်ထွက်လိုက်သည်။တစ်အိမ်ထဲအတူနေရတယ်ဆိုပေမဲ့ အရင်ကအလုပ်မှာလဲအတူတူတွေ့နေရတော့ သူမရှိ၍ ပျင်းမိတာတော့အမှန်..

"ဇော်ဇော်လေးကိုလွမ်းလိုက်တာ ပိုင်မင်းဦးရယ် "

"ဪ ဘော့စ် "

အနားသို့ဘယ်အချိန်ကရောက်မှန်းမသိရောက်လာတဲ့ ဘောစ်ကိုစကားပြောမှသိကာလှည့်ပြီးနှုတ်ဆက်လိုက်သည်။

သူ့အကြောင်းတွေးနေမိ၍ တွေဝေနေတာကြောင့်ဘယ်အချိန် ဘောစ့်ရောက်လာမှန်းမသိလိုက်ချေ။ ဘောခမျာလဲ ဇော်လင်းညိုကို သံယောဇဥ်ကြီးရှာ၍ အလုပ်ထွက်ခွင့်တောင်းရာမှာ ထွက်ခွင့်မပေးချင်ခဲ့။ သို့ပေမဲ့လဲ ကာယကံရှင်ရဲ့ဆန္ဒကို တားမြစ်ပိုင်ခွင့်မရှိ၍ ထွက်ခွင့်ပေးလိုက်ရပေမဲ့ စိတ်မကောင်းရှာ။

သူမရှိတဲ့ဒီဆိုင်ကြီးက အထီးကျန်ဖို့ကောင်းနေတာတော့အမှန်။

"ဘော့စ် ကျွန်တော်အလုပ်သွားလုပ်လိုက်ပါအုံးမယ် "

အခုလိုတွေဝေ စဥ်းစားနေရင်သူ့ကိုပိုသတိရတာကြောင့် အလုပ်လုပ်ရန်သာ ဆုံးဖြတ်၍ ထွက်လာခဲ့တော့သည်။

အလုပ်ဆင်းချိန်ရောက်တော့သူ့ကိုပိုပြီးသတိရမိသည်။ခါတိုင်းအလုပ်ဆင်းရင်အတူပြန်တတ်တဲ့အချိန်လေးတွေက သတိရဖို့ကောင်းနေသည်။ ညနေ၆ နာရီထိုးတော့လိုင်းကားက ဆိုက်ရောက်လာကာကားပေါ်သို့အလုအယက်ပြေးတတ်နေကြသည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now