Part (31)

1K 84 3
                                    

Unicode

ဘုရားစုံအောင်ဖူးခဲ့ရပြီး ညရောက်တော့ မှ ဘူးဘုရားရင်ပြင်တော်ပေါ်သို့ရောက်သည်။ပုဂံဆိုတဲ့ မြို့ဟာ များပြားလှတဲ့စေတီပုထိုးများက တစ်နေကုန်လို့ နောက်နေ့ရောက်သည်ထိ စုံအောင် မရောက်နိုင် ။

ကိုမင်းကျော်ရဲ့အနားမှာ လင်းလင်းနွယ်ကအချိန်တိုင်းရှိနေပြီး သူ့ခမျာ ပိုင်မင်းဦးကိုစကားပြောဖို့ပင် အခက်တွေ့နေရသည်။စကားပြောမယ်ကြံလိုက်တိုင်း သူမက ဟိုဟာဒီဟာနဲ့ လိုရာကိုမရောက်တော့ ။ ဒီတော့ ပိုင်မင်းဦးဟာ ဇော်လင်းညိုရဲ့အနားမှာပဲ တချိန်လုံးရှိနေတော့တာပေါ့ ။

"သာယာလိုက်တာနော် နေဝင်သွားတဲ့ပုံရိပ်လေးကိုကြည့်ရတာအရမ်းကောင်းတာပဲ ဝတ္ထုထဲ ဒီနေရာလေးလဲ ပါတာပေါ့ "

စတီးလက်ရန်းများကို ကိုင်ကာမြစ်ပြင်ကျယ်ကြီးဆီမှ ဝင်သွားတဲ့နေလုံးရဲရဲကိုကြည့်ကာ ပိုင်မင်းဦး ရေရွတ်လိုက်သည်။

ဇော်လင်းညိုကတော့ ကင်မရာတစ်လုံးနဲ့ဟိုဟိုဒီဒီ လှပတဲ့ရှု့ခင်းတွေကို ရိုက်နေတော့သည်။

"အဲလိုလေးနေနော် အေး အရမ်းမိုက်တယ် အဲလိုလေးနော် "

ပိုင်မင်းဦးကိုကြည့်ကာ ကင်မရာဖြင့်ချိန်ကာပြောနေတော့ ပိုင်မင်းဦး ငြိမ်ကာကင်မရာအား ကြည့်ကာပြုံးလိုက်သည်။ ဒီတော့ ဓာတ်ပုံလေးရဲ့အလှက ပြည့်စုံသွားတော့တာပေါ့

"ပြီးပြီလား ပြအုံး ငါကြည့်ချင်လို့ "

ပိုင်မင်းဦး သူ့အနားသို့လာကာ ကင်မရာကိုကြည့်လိုက်တော့ ခေါင်းနှစ်လုံးက နီးကပ်သွားသည်။

"ဝိုး အရမ်းလှတာပဲ နေဝင်နေတဲ့အလှနဲ့ ငါ့ရဲ့အလှပြိုင်နေသလိုပဲ ဒီပုံသာပြိုင်ပွဲဝင်ရင် မင်းဆုတောင်ရနိုင်တယ် "

ပိုင်မင်းဦးကင်မရာကိုကြည့်ကာပြောလိုက်ပြီး သူ့ကိုကြည့်လိုက်တော့ သူက သူ့ကို သေသေချာချာကြီး စူးစိုက်ကာကြည့်နေ၍ ပိုင်မင်းဦးအနေရခက်သွားသည်။

"ဘာဖြစ်လို့လဲ "

"ဘာမှမဖြစ်ပါဘူး ရိုက်ပေးတဲ့ငါတော်လို့ပါ "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Tahanan ng mga kuwento. Tumuklas ngayon