Unicode
ရှူ့မငြီး တဲ့။
ဒီနာမည်နဲ့မိန်းကလေးရဲ့အကြောင်းကိုသူသိချင်မိသည်။ဇော်လင်းညိုနဲ့ရောဘယ်လိုများပတ်သက်နေလဲဆိုတာပါသိချင်သည်။
နာမည်ကတောင်ရှူ့မငြီး ဆိုတော့။ ရုပ်ကလဲ မငြီးမငြူကြည့်ချင်လောက်လှပေလိမ့်မလား။
"ဘယ်သူလဲ "
အခန်းထဲသို့ သူဝင်လာပြီးဖုန်းကိုင်နေတဲ့ ပိုင်မင်းဦးကိုမေးလိုက်ရာ သူဘာဖြေရမှန်းမသိဖြစ်သွားသည်။ဖုန်းကိုသူ့အားပေးလိုက်တော့ ဇော်လင်းညိုဖုန်းကိုကြည့်ပြီး ယူကာအပြင်သို့ထွက်ကာသွားပြောသည် ။
အရင်ကဆို ဘယ်ကဖုန်းပဲလာလာအခန်းထဲမှပဲပြောတတ်တဲ့ဇော်လင်းညိုက အခုတော့အပြင်ထွက်ပြီးပြောရတဲ့အထိဆိုတော့ ရှူ့မငြီးဆိုတာ သူနဲ့ဘယ်လိုပတ်သက်လဲဆိုတာပို၍သိချင်မိသည်။
"သူကဘယ်သူလဲ မင်းရဲ့ဆော်လား "
သူဖုန်းပြောပြီးပြန်ဝင်လာတော့ ပိုင်မင်းဦးမေးလိုက်သည်။
"ဘာလို့မေးတာလဲ "
"အပြင် မှာထွက်ပြီးပြောတယ်ဆိုတော့ သိချင်လို့ပါ။ ငါနဲ့မင်းရဲ့ကြားမှာဖုံးကွယ်ထားတာ မရှိသင့်ဘူးမလား ငါဘယ်သူနဲ့ကြိုက်တယ်မကြိုက်ဘူးဆိုတာမင်းသိသလို မင်းမှာရည်းစားရှိမရှိဆိုတာလဲ သိချင်လို့ပါ "
"အခုချိန်မှာတော့ဘာမှမသေချာဘူး ကဲပါ ခေါက်ဆွဲတွေတောင်အေးကုန်တော့မယ် စားကြရအောင် "
ဆိုပြီးသူက စကားကိုဖြတ်သွားသည်။သူမဖြေချင်တဲ့ပုံစံဆိုတော့ ပိုင်မင်းဦး သိချင်နေပေမဲ့လဲဆက်ပြီးမမေးတော့။ထိုခံစားချက်ကြီးက ပိုင်မင်းဦးရဲ့စိတ်ထဲနှောက်ယှက်နေပြီး နေရတာအဆင်မပြေဖြစ်ခဲ့ရသည်။
အလုပ်မှာလဲ အလုပ်ထဲကိုသေချာအာရုံမရလောက်အောင်ထိုအကြောင်းကိုသိချင်နေမိသည်။ဒါပေမဲ့ အလုပ်ချိန်မှာတော့ သူ့ရဲ့စိတ်ကိုထိုအကြောင်းမတွေးမိအောင်နေခဲ့သည်။
"ပိုင်မင်းဦး ဇော်ဇော် Top 10 ထဲဝင်သွားတယ်ဆို ဟုတ်လား "
ဘော့စ်ကခေါ်တယ်ဆိုလို့လာခဲ့ပေမဲ့ ရောက်တော့ပြောတဲ့စကားက ဇော်လင်းညိုအကြောင်းဖြစ်နေတယ်လေ။
![](https://img.wattpad.com/cover/213327795-288-k318761.jpg)
VOCÊ ESTÁ LENDO
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomanceUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...