Unicode
"အဆင်မပြေပါဘူး မော်လီရာ ငါ့လိုဘာဘွဲ့မှမရထားတဲ့ကောင်ကို ဘယ်သူကအလုပ်ခန့်ချင်မှာလဲဟာ "
"နင်ကလဲ စိတ်မပျက်ပါနဲ့ဟာ နင့်အတွက်အလုပ်ဆိုတာ တနေ့တော့ရှာလို့ရမှာပါ ငါလဲ ငါ့အသိတွေကို ပြောကြည့်ထားပါတယ် "
"ဟင်း စိတ်ညစ်တာပဲမော်လီရာ ငါ့အတွက်အလုပ်လိုတယ်ဟ ငါဒီအတိုင်းဆက်နေမယ်ဆိုရင် ငါ့ဆီမှာရှိတာကုန်လို့ အငတ်နေရတော့မလိုဖြစ်နေပြီ "
စိတ်ပျက်အားငယ်စွာငြီးနေတဲ့ငယ်သူငယ်ချင်းဖြစ်သူ ပိုင်မင်းဦး ကို မော်လီကြည့်ရင်းဂရုဏာသတ်မိသည်။
ပိုင်မင်းဦးဆိုတာ တချိန်တုန်းက ရွှေပေါ်မြတင် ဘာမှလုပ်စရာမလိုအောင်ပြီးပြည့်စုံတဲ့ သူဌေးသားပေါ့။အခုတော့ကံကြမ္မာအလှည့်အပြောင်းကအရမ်းထူးဆန်းတော့ တချိန်ကဘဝဆိုတာ သူ့အတွက် အိမ်မက်လိုသာဖြစ်နေလိမ့်မည်။
"ဒါဆို နင်ဘာဆက်လုပ်မှာလဲပိုင်ပိုင် "
"မသိတော့ပါဘူးဟာ ဒယ်ဒီတို့ရှိစဥ်က အရမ်းကောင်းပါတယ်ဆိုတဲ့သူဌေးကြီးတွေဆီမှာ ငါအကူအညီသွားတောင်းသေးတယ် ဟင်း ဒါပေမဲ့မော်လီရယ် သူတို့က ငါ့လိုဘာဘွဲ့မှမရသေးတဲ့သူကိုအလုပ်မပေးကြဘူးလေ လူတွေလူတွေ ငါတို့ချမ်းသာတုန်းက ငါ့တို့အပေါ်မှာပြုံးပြုံးရွှင်ရွှင်နဲ့ ရီကြိုခယပြီး ဆက်ဆံပြီး ငါတို့ဆီကလိုချင်တာတောင်းခဲ့ပေမဲ့ အခုလိုဘဝမျိုရောက်သွားတော့ ဖေးမဖို့နေနေသာ နှာခေါင်းရှူံ့ချင်နေကြတယ် "
"မနက်ဖြန်ဆို ဦးလေးနဲ့ဒေါ်လေးတို့ရဲ့ နှစ်လည်တဲ့နေ့မဟုတ်လား "
"အဲဒါကြောင့်ခက်နေတာပေါ့မော်လီရယ် ငါ့မှလဲပိုက်ဆံကသိပ်မရှိတော့ဘူး ရှိတာလေးနဲ့ဒယ်ဒီတို့ဖို့ ကောင်းမှုကုသိုလ်လုပ်ပေးလိုက်မယ်ဆိုရင် နောက်လအတွက် အိမ်ခန်းခ ပေးစရာမရှိတော့ဘူး "
"ဒီမှာရော့ ပိုင်ပိုင် ဒါလေးကိုနင်ယူထားလိုက် "
မော်လီက သူ့ရဲ့လက်မှာစွပ်ထားတဲ့ လက်စွပ်ကို ချွတ်ပေးသည်။ဒီတော့ ပိုင်ပိုင်ကြည့်ကာ ခေါင်းယမ်း၍
![](https://img.wattpad.com/cover/213327795-288-k318761.jpg)
YOU ARE READING
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomanceUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...