Part ( 6 )

1.1K 104 0
                                    

Unicode

အခန်းအပြင်မှာ အိုးသံခွက်သံတွေကြားတော့ ပိုင်ပိုင်နိုးလာခဲ့သည်။ပုံမှန်ဆို နေကြီးမြင့်မှ အိပ်ယာထတတ်ပေမဲ့ အခုတော့အခန်းဖော်လဲရောက်နေသလို စောစောစီးစီးကြားရတဲ့အသံတွေကြောင့် ပိုင်ပိုင်နိုးလာသည်။

မှန်တင်ခုံပေါ်မှနာရီလေးကိုကြည့်တော့ ၇နာရီတောင်ထိုးတော့မယ်။

"မင်းနိုးလာပြီလား "

အခန်းထဲမှထွက်လာတဲ့ ပိုင်ပိုင်ကိုမြင်တော့ ဇော်လင်းညိုနှုတ်ဆက်လိုက်သည်။လုပ်လက်စ ဒယ်အိုးထဲကို ဇွန်းရှည်နဲ့ဆက်ပြီးမွှေနေသည်။

အိပ်ယာထလဲဖြစ်သလို ဗိုက်ကလဲဆာနေတာကြောင့် သူချက်ပြုတ်နေတဲ့အကြော်နံ့က သူ့ရဲ့နှာခေါင်းထဲကိုတိုးဝင်လာကာ စားချင်လာသည်။သူဘာလုပ်နေတယ်ဆိုတာသိရန်သူ့အနားသို့လာပြီး

"ဘာလုပ်နေတာလဲ စောစောစီးစီး "

"စောစောစီးစီးစားဖို့လုပ်နေတာလေ ဒီမှာခေါက်ဆွဲကိုဖြောပြီး ကြော်နေတာ အဲဒီနားက ပဲသီးတွေလှမ်းပေးစမ်းပါ "

သူ့ဘေးမှာရှိတဲ့လှီးပြီးသားပဲသီးခွက်ကိုယူကာပေးလိုက်သည်။

"အနံ့လေးကမွှေးနေတာပဲနော် "

"ဘာလဲ ဗိုက်ဆာနေပြီလား မျက်နှာသွားသစ်ချေလေ "

"ဟင် ငါ့ဖို့ရောလား "

"ဒီလောက်အများကြီးကိုငါတစ်ယောက်ထဲဘယ်လိုကုန်အောင်စားရမှာလဲ "

"အဟင်း ဟုတ်သားပဲနော် ဒါဆို ငါမျက်နှာသွားသစ်လိုက်အုံးမယ် "

သူ့ဖို့ရောပါတယ်ဆို၍ ပိုင်မင်းဦး ရေချိုးခန်းထဲသို့အမြန်ပဲဝင်သွားလိုက်သည်။ အရင်က တစ်ချောင်းထဲသာရှိတဲ့ သွားတိုက်တံပန်းနုရောင်လေးရဲ့ဘေးမှာ ယခုတော့ အပြာရောင်သွားတိုက်တံတစ်ချောင်းရှိနေလေသည်။

အေးလေ အခန်းသာတစ်ခန်းစီခွဲနေရပေမဲ့ ရေချိုးခန်းတော့မျှပြီးသုံးရပေမည်။သွားတိုက်တံသာနှစ်ခုဖြစ်နေပေမဲ့ သွားတိုက်ဆေးဘူးကတော့တစ်ခုထဲ ထိုဟာက ပိုင်ပိုင်ရဲ့သွားတိုက်ဆေးဘူး။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin