Part ( 10 )

1.1K 85 1
                                    

Unicode

"မင်းပြန်သွားပြီလို့ငါထင်နေတာ "

အလုပ်ဆင်းချိန်မတူတာကြောင့် စောစောဆင်းတဲ့ဇော်လင်းညိုကိုပြန်သွားပြီလို့ထင်ထားပေမဲ့ဆိုင်ရဲ့ ရှေ့မှာထိုင်ပြီးစောင့်နေတာမြင်တော့ ပိုင်မင်းဦး ပြုံးကာမေးလိုက်သည်။

"ပြန်လဲအိမ်မှာတစ်ယောက်ထဲ ပျင်းတာနဲ့အအေးတစ်ဘူးသောက်ရင်းစောင့်နေတာ ဒီမှာအအေးသားကုန်သွားတယ် မင်းကမဆင်းသေးတော့နည်းနည်းတော့ပျင်းသလားပဲ "

"အဲဒါများပြန်လိုက်တော့ပေါ့ "

"ပထမဆုံးအလုပ်စဆင်းတဲ့နေ့ဆိုတော့ ငါ့အနေနဲ့အစစအရာရာတာဝန်ယူရမယ်ထင်လို့ပါ နောက်နေ့တွေတော့စောင့်ချင်မှစောင့်မယ် "

"အင်း အဲဒါဆိုသွားမယ်လေ "

ပြောကာဆိုင်မှစတင်ပြီးကားမှတ်တိုင်သို့ချီတတ်လာကြသည်။

"ဒါနဲ့ မင်းအလုပ် လုပ်ရတာအဆင်ပြေရဲ့လား ပင်ပမ်းလား "

"ငါယောကျ်ားပါ ဒီလောက်တော့လုပ်နိုင်ပါတယ် "

"ယောကျ်ားလို့သာပြောတယ် ဒီလိုနုနုဖက်ဖက်လေးဖြစ်နေတာကျတော့ရော "

"ဒါကငါငယ်ငယ်ကဘာမှမလုပ်ရလို့လေ အခုအလုပ်လုပ်နေပြီဆိုတော့ မင်းလိုပဲ ညိုပြီးချောလာတော့မှာ "

"ဟား ဟား ငါ့လိုတော့ချောချင်ချောမယ် ငါ့လောက်တော့မချောနိုင်ပါဘူး ငါ့ကိုမြင်တယ်မဟုတ်လား ငါ့ကိုမြင်တဲ့သူတိုင်းကသဘောကျကြတာလေ "

"မြင်ပါတယ် ဘော့စ်ကိုနောင်နောင်က မင်းကိုအထာတွေပေးနေတာလေ "

"ဟင် သူတစ်ယောက်ပဲမင်းမြင်တာလား တခြားဆိုင်ကကောင်မလေးတွေလဲ ငါ့မြင်ရင်မနေတတ်မထိုင်တတ်ဖြစ်ကုန်တာရောမတွေ့ဘူးလား "

"မတွေ့ပါဘူး ကိုနောင်နောင်က ဇော်ဇော်ရယ် ​အကိုကလေ အကိုကလေဆိုပြီးချွဲချွဲ ကြီးပြောနေတာပဲငါမြင်တယ် မင်းကိုသူကြိုက်နေပုံပဲ ဘဲကြီးကစည်းစိမ်အတောင့်နော် မင်းတစ်သက်သူ့လုပ်စာထိုင်စားနေရုံပဲ "

"ဟာ တော်စမ်းပါကွာ ငါကဆော်တွေပဲကြိုက်တာ မင်းပြောသလိုကြိုက်ဖို့မပြောနဲ့ ယောကျ်ားချင်းကြိုက်တာကို ငါတော်တော်မုန်းတယ် ယောကျ်ားရယ်လို့ဖြစ်လာရင် မိန်းမတွေကိုပဲကြိုက်ရမှာပေါ့ ငါ့ကိုခင်တယ်ဆိုရင်အဲလိုမစနဲ့ပိုင်မင်းဦး ငါစတာတောင် မကြိုက်ဘူး "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin