Part ( 9 )

1K 91 0
                                    

Unicode

ပိုင်မင်းဦးရဲ့ ဒဏ်ရာတွေလဲသက်သာသွားပြီဖြစ်တာကြောင့် အခန်းထဲမှာချည်နေရတာ ငြီးငွေ့လာသည်။ဒါကြောင့် ပိုင်မင်းဦး တိုက်ရဲ့အောက်သို့ဆင်းလာကာ သူပြန်လာချိန်ဖြစ်၍ သူ့ကိုမျှော်နေမိသည်။

အရင်နေ့တွေကဆို ၆နာရီထိုးရင်ပြန်ရောက်ပြီဖြစ်သည်။အခုလဲ ၆နာရီတော့မထိုးသေးပေမဲ့ သူပြန်ရောက်တဲ့အချိန်ဖြစ်တာကြောင့် ပိုင်မင်းဦးသူပြန်လာရာလမ်းကို သူလာနိုးနဲ့ကြည့်နေမိသည်။

ပိုင်မင်းဦးအနေနဲ့ သူ့ကိုဘာကြောင့်မျှော်နေတယ်ဆိုတာ သူ့ကိုယ်သူပင်ဝေခွဲ၍မရ။

အထီးကျန်ဆန်တဲ့ သူ့ရဲ့ဘဝအနေနဲ့ မော်လီအပြင် သူရှိနေခြင်းက သူ့အတွက်ပျော်ရသည်။အထီးကျန်ဆန်မှုတွေလဲပျောက်သွားသလိုခံစားရသည်။

ဒါကြောင့်မျှော်နေရတာလားဆိုတော့လဲမဟုတ်ပြန်။ဘာကြောင့်မှန်းမသိ အချိန်ခဏအတွင်းမှာမထင်မှတ်ထား​လောက်အောင်ရင်းနီးခဲ့ရပြီ
သူ့အနားမှာနေရတာ ပိုင်မင်းဦးပျော်သည်။
သူ့မျက်နှာကိုမြင်နေရခြင်းကစိတ်ချမ်းသာသည်။ သူ့အသံကြားနေရခြင်းက သူ့ကိုအထီးကျန်ဆန်မှုတွေပျောက်စေသည်။

ဒါတွေကိုခြုံပြီးကြည့်မယ်ဆိုရင် အဖြေကိုသေချာမသိရပေမဲ့ ခင်မင်ရင်းနီးမှုက ငယ်သူငယ်ချင်းတွေလိုပင်

ညဘက်တွေမှာ ဧည့်ခန်းထဲစကားတွေပြောကြပြီး တစ်ယောက်အကြောင်းတစ်ယောက်ပိုမိုသိရသည်။တခါတခါ ဇော်လင်းညိုရဲ့အရွှန်းဖောက်မှုလေးတွေက ပိုင်ပိုင်ကိုပျော်ရွှင်စေသည်။

"ဟေး ကောင်လေး ဘယ်သူ့ကိုမျှော်နေတာလဲ မှန်မှန်ပြောစမ်း "

"ဟင် ဇော်လင်းညို ဘယ်လိုကဘယ်လို "

ပြန်လာရာလမ်းကိုမျှော်နေမိပေမဲ့ တကယ်တမ်းပြန်လာတာက တခြားလမ်းကဖြစ်၍ ပိုင်မင်းဦးအံ့ဩနေသည်။

"ဘယ်သူ့ကိုမျှော်ရမှာလဲ အခန်းထဲ ပျင်းပျင်းရှိတာနဲ့အပြင်ထွက်ပြီးနေတာ "

"မသိပါဘူး ငါ့ကိုများမျှော်နေသလားလို့ "

"ဘာလို့မင်းကိုမျှော်ရမှာလဲ "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin