Part ( 17 )

956 87 0
                                    

Unicode

သူမ ကအရမ်းကိုလှပါသည်။ဖြူဝင်းတဲ့အသားအရေက သူမဆိုတာ ပိုပြီးထင်ရှားသိစေနိုင်သလိုပဲ မျက်ဝန်းစူးစူး နှင်းဆီဖူးလိုနှုတ်ခမ်းလှလှလေးကိုလဲပိုင်ဆိုင်ထားသေးသည်။

လည်ပင်မဟိုက်တဟိုက် အကျီကိုခေတ်မှီစွာ ဘောင်းဘီနဲတွဲကာဝတ်ထားသည်။ကျောပြင်ထက်မှရွှေဝါရောင်ဆံပင် အလိမ်အကောက်များကအသွယ်အသွယ်...

"ပိုင်မင်းဦး မင်းရောက်လာပြီလား လာလေ "

ဘာမှပြန်မပြောပဲ အရုပ်တစ်ရုပ်လို တည်တည်ကြီးကြည့်နေတဲ့ပိုင်မင်းဦးကြောင့် ဇော်လင်းညို သူ့အားဖက်ထားတဲ့မိန်းမပျိုကိုအတင်းခွာချလိုက်သည်။ ထိုမိန်းမပျိုကတော့ ဇော်လင်းညိုအားလွှတ်မပေးချင်ပဲလွှတ်ပေးလိုက်ရတယ်ဆိုပေမဲ့ သူ့ရဲ့လက်ကိုချိတ်ကာဆွဲ ထားသည်။

သူကိုမြင်တာတောင် ရှက်ကြောက်ရမှန်းမသိတဲ့သူမဟာ ခေတ်ကာလမိန်းမပျိုတစ်ဦးလို ဟော့ဟောရမ်းရမ်းဆိုတာ ပိုင်မင်းဦးနားလည်လိုက်သည်။

"ဇော် ဒါဆို ရှူ့ပြန်တော့မယ် နောက်မှတွေ့တာပေါ့ ဘိုင် ပွတ်စ် "

ပြောကာ ဇော်လင်းညိုရဲ့ပါးပြင်အား တချက်နမ်းသွားသေးသည်။သူမထွက်သွားတော့ ဇော်လင်းညို သူ့အားကြည့်၍ပြုံးပြနေပေမဲ့ ပိုင်မင်းဦးကတဖက်သို့မျက်နှာလွှဲထားသည်။

ရှူ့ဆိုပြီး နာမ်စားသုံးသွားတာကြောင့်တနေ့က ဖုန်းဆက်တဲ့မိန်းကလေး သာဖြစ်လိမ့်မည်။

"မင်းညစာစားပြီးပြီလား "

"ငါဘယ်တုန်းကမင်းနဲ့မဟုတ်ပဲ အပြင်မှာစားဖူးလို့လဲ ဘာလဲ မင်းစားပြီးခဲ့လို့လား အဲဒါဆိုလဲရပါတယ် ငါလဲမဆာဘူး အလုပ်က ပင်ပမ်းလာလို့ ငါသွားပြီးနားလိုက်အုံးမယ် "

တောက်လျှောက်စကားလုံးများထွက်လာပေမဲ့ သူ့ရဲ့မျက်နှာကို ပိုင်မင်းဦးမကြည့်ပေ။ပြောပြီး သူ့ရဲ့အခန်းထဲသို့ပိုင်မင်းဦး ဝင်သွားတော့သည်။

ဘာမှန်းမသိပေမဲ့ အခုလိုပိုင်မင်းဦးရဲ့အပြုအမူတွေဟာ သူ့ကိုအနေရခက်စေပြီး စိတ်ထဲမှာလဲ တစ်ခုခုလိုနေသလိုခံစားမိသည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now