Part (38)

2.1K 94 6
                                    

Unicode

"ငါက မင်းအတွက် အဲလောက်တောင်အနှောင့်အယှက်ဖြစ်စေလား ငါမငြင်းပါဘူး ငါ့ကြောင့်မင်းအရမ်းခံစားခဲ့ရတာငါသိပါတယ် ငါလဲမင်းနဲ့ထပ်တူခံစားခဲ့ရတယ်ဆိုတာမင်းမသိဘူးလား ငါ့ကြောင့်မင်းအနှောင့်အယှက်ဖြစ်စေတယ် ငါ့ကိုမြင်ရရင်ထပ်ပြီးခံစားရစေတယ်ဆိုရင် ငါနောက်ဆုတ်ပေးပါ့မယ် "

"ကိုခန့် ကားကို ဒီထက်မြန်မြန်လေးမောင်းပေးပါလား "

သူ့စကားတွေကို ပြန်ကြားနေရင်း သူ့ကိုစိတ်ပူလာတဲ့ အတွက် ရှေ့မှကားမောင်းနေတဲ့ ကိုခန့်ကို ထပ်ကာပြောလိုက်သည်။ တစ်လမ်းလုံးလဲ အမြန်မောင်းဖို့ပြောနေတဲ့ပြီး မျက်လုံးထဲမှာလဲ ဘာကိုမှမမြင်တော့ ။ သူ့ကိုစိုးရိမ်တဲ့စိတ် တစ်ခုခုဖြစ်သွားမှာကို စိတ်ပူနေတာကြောင့် သူ့ကိုပဲမြင်ယောင်ကာနေမထိ ထိုင်မသာဖြစ်နေသည်။

ဘေးမှမော်လီက သူငယ်ချင်းဖြစ်သူပိုင်ပိုင်ရဲ့လက်ကို ကိုင်ကာနှစ်သိမ့်ပေးနေသည်။

"ရောက်တော့မှာပါ စိတ်ကိုလျှော့ထားပါပိုင်ပိုင်ရယ် မစိုးရိမ်ရလောက်ပါဘူး "

"မသိဘူးမော်လီရယ် ငါအရမ်းကြောက်တယ် သူ သူတစ်ခုခုဖြစ်သွားရင် ဟာငါ့အရမ်းကြောက်တယ် သူဘာမှမဖြစ်လောက်ပါဘူးနော် သူ သူငါ့ကြောင့် ငါ့ကြောင့်အခုလိုဖြစ်ရတာ ငါ ငါပြောလိုက်တဲ့စကားတွေကြောင့် ဟင့် "

"မဟုတ်ပါဘူးပိုင်ပိုင်ရယ် သူဘာမှဖြစ်မှာလဲမဟုတ်ပါဘူး ခဏနေရင် မန္တလေးဆေးရုံကြီးကိုရောက်တော့မှာပါ နင်အဲလိုလျှောက်ပြီးမတွေးပါနဲ့ "

မန္တလေးမြို့အတွင်းသို့ဝင်လာပြီဖြစ်ကာ ဆေးရုံကြီးဆီသို့မောင်းလာရင်း မိနစ်အနည်းငယ်ကြာတော့ ဆေးရုံသို့ရောက်လာကြသည်။ ပိုင်မင်းဦး ကားပေါ်မှဆင်းကာဆေးရုံထဲသို့ ပြေးဝင်လာခဲ့သည်။မော်လီလဲ သူ့ရဲ့နောက်မှ ကပ်ကာပါလာသည်။

မန္တလေး လမ်းမကြီးပေါ်မှာဆိုတော့နီးစပ်ရာဆေးရုံဖြစ်တဲ့မန္တလေးဆေးရုံပေါ်ပဲ တင်လိုက်ရတယ်ဆို၍ မန္တလေးဆေးရုံသို့ လိုက်လာကြခြင်းပင် ။ သတင်းကြားဆို မော်လီက ကိုခန့်ကို ပြောပြီးအမြန်ပဲလိုက်လာခဲ့ကြတာ​​ဖြစ်သည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Donde viven las historias. Descúbrelo ahora