Part (33)

1.1K 82 1
                                    

Unicode

ဒီနေ့ သူပြောင်းတော့မယ်လို့သိရသည်။ သူ့ရဲ့ အဝတ်အစားတွေ နဲ့ ပစ္စည်းတွေကိုထုတ်ပိုးဖို့နဲ့ သယ်ဖို့ကို လူငှားပြီးခိုင်းခဲ့သည်။ အဲဒီနေ့ကတည်းက သူအခန်းကိုပြန်မလာပဲ ဒီက ကိစ္စတွေအားလုံးကိုလူလွှတ်၍ သာခိုင်းစေခဲ့သည်။

"အကိုက ပိုင်မင်းဦးဆိုတဲ့တစ်ယောက်လားမသိဘူး "

အထုတ်တွေလာသယ်ကြတဲ့ လူတွေထဲမှ တစ်ယောက်က ပိုင်မင်းဦးကိုမေး၍ သူခေါင်းညိတ်ကာဖြေလိုက်သည်။

"အကိုလေးက ဒါပေးခိုင်းလိုက်လို့ပါ "

"ဘာတွေလဲ "

စာအိတ်လေးနဲ့ ပေးလာတာကြောင့် ပိုင်မင်းဦးမယူပဲမေးလိုက်တော့ ထိုတစ်ယောက်လဲ စာအိတ်ကို ပိတ်ထား၍ ဘာတွေဆိုတာသိပုံမရပဲ ခေါင်းကိုယမ်းကာဖြေသည်။

"ဒါတော့ ကျွန်တော်လဲမသိဘူးဗျ "

ပိုင်မင်းဦးယူလိုက်ပြီး ဖွင့်ကြည့်ရာအထဲမှာ ပိုက်ဆံတွေဖြစ်နေပြီ တစ်သောင်းတန်အရွက်တွေဆိုတော့ ငါးသိန်းလောက်တော့ ရှိနိုင်သည်။

"ဘာအတွက်လဲ အဟင်း နေအုံး "

ပြန်သွားကြဖို့ပြင်နေတဲ့ သူတို့ကို ပိုင်မင်းဦးတားလိုက်ကာ သူတို့အနားသို့သွားပြီး အိတ်ကို ပေးတဲ့တစ်ယောက်ထံ ပြန်ပေးလိုက်သည်။

"ငါ့အတွက် မလိုဘူးလို့ပြောလိုက်ပါ "

"အကိုလေးက သေချာပေးဖို့မှာလိုက်တာ ပြန်ယူသွားလို့မဖြစ်ဘူးဗျ "

"ဖြစ်အောင်ပြန်ပေးလိုက်ပါ ဘာလို့ဆို ဒီပစ္စည်းကို ငါလက်မခံနိုင်လို့ပဲ "

"အထဲမှာပိုက်ဆံတွေမဟုတ်လား အကိုလေးက အကို့ကို သုံးစေချင်လို့ပေးတာဖြစ်မှာပေါ့ "

"သူ့အတွက် အရေးမပါတော့တဲ့ငါ့ကို သူဘာမှ ထောက်ပံပေးဖို့မလိုဘူးလို့မင်းတို့အကိုလေးကိုပြောလိုက်ပါ "

သူတို့လဲ ပေးမရတော့ လက်လျှော့ကာပြန်ယူသွားတော့ ပိုင်မင်းဦး သူ့ရဲ့အခန်းကို ဝင်ကြည့်ရင်း သူ့ရဲ့အငွေအသက်တွေရှိနေသေးတဲ့အတွက် ဝမ်းနည်းကာ လာမိသည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ