Chapter 61 - Farewell

7.1K 363 18
                                    


【 Volume 2: Happy Carnival 】

လီချန်းယွီက အိပ်ရင် ငြိမ်ငြိမ်မအိပ်တတ်ပဲ ဟိုလှိမ့်ဒီလှိမ့် အိပ်တတ်တာမို့ လင်းရှီဖန်၏ ကြီးမားသည့် အိပ်ရာကြီးက အတော်လေးအဆင်ပြေလှသည်။

အိပ်ရာတစ်ပြင်လုံးကို စိတ်ကြိုက်လှိမ့်ပြီး အေးချမ်းစွာ အိပ်စက်ခဲ့ပြီးနောက် ညနေ ငါးနာရီခွဲတွင် လီချန်းယွီ နိုးလာခဲ့သည်။ နိုးနိုးချင်းမြင်လိုက်သည်က ကြမ်းပြင်တွင်ပုံကျနေသော လင်းရှီဖန်၏ အိပ်ရာခင်းနဲ့ စောင်တို့ဖြစ်သည်။

'ကြောင်က စိတ်ကြိုက်ကိိိိိို လှိမ့်ပြီး အိပ်ထားတာပဲ'

ဒါက လင်းရှီဖန်၏ အိမ်ဖြစ်တာကြောင့် ရှုပ်ပွထားလို့ မကောင်းပေ။
လီချန်းယွီ ကြမ်းပြင်တွင်ပုံကျနေသော စောင်နဲ့ အိပ်ရာခင်းကို ခေါက်သိမ်းပေးပြီး တ၀ါး၀ါးသမ်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ပထမဆုံးမြင်လိုက်ရသည့် အံ့ဖွယ်မြင်ကွင်းက မီးဖိုချောင်မှာ ပာင်းချက်နေသည့် လင်းရှီဖန်ဖြစ်သည်။

အမြဲတည်ကြည်ပြီး serious ဖြစ်လွန်းလို့ fan တွေတိုင်းရဲ့ မျက်လုံးမှာ သူပာာ နှစ်ယောက်မရှိသည့် ခန့်ညားမှုအပြည့်နဲ့ male god ကြီးတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ အေးစက်လှသော male god ကြီးက အေပရွန်လေး၀တ်ပြီး ပာင်းချက်နေမည့် ကိစ္စကို စိတ်ကူးတောင် ယဥ်ကြည့်လို့ မရပေ။

ဒါပေမယ့် အခု တကယ်ကြီး လင်းရှီဖန်က အေပရွန်၀တ်ပြီး ဟင်းချက်နေတယ်....

"နိုးလာပြီလား"

အေပရွန်၀တ်ပြီး ပာင်းချက်ရတာက သူ့အတွက်အထူးအဆန်းမဟုတ်ဘူးထင်သည်။

တ၀ါး၀ါးသန်းနေရင်း ရုတ်တရက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပါးစပ်တောင်ပြန်မပိတ်နိုင်ဘဲ အထူးအဆန်းဖြစ်သွားသည့် လီချန်းယွီကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည့် စကားတွေကစလို့ လှမ်းကြည့်နေသည့်အကြည့်တွေအထိ တည်ငြိမ်ပြီး အ၀ါရောင်မီးရောင်နဲ့အတူ နွေးထွေးမှုတွေပြည့်နေသည်။

"အချိန်မတူတာက တော်တော်လေးကို အဆင်မပြေတာပဲ။ ငါ အခုထိ အိပ်ချင်နေတုန်းပဲ"

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Where stories live. Discover now