Chapter 91 : Witty Idea

971 237 52
                                    

လီချန်းယွီ၏ ဘဝတွင် တစ်စုံတစ်ယောကို ဘယ်တုန်းကမှမကြိုက်ခဲ့ဖူးပေ။

ပြောရရင် ဟိုအရင်နှစ်တွေကတည်းက သူ့စိတ်နဲ့ခန္ဓာက အသင်းကို ပိုကောင်းအောင်လုပ်ဖို့နဲ့ ဂိမ်းနဲ့ပတ်သတ်တဲ့ နည်းဗျူဟာအသစ်တွေ တီထွင်နိုင်ဖို့သာ လုံးပန်းနေ ခဲ့သည်။ ထို့ကြောင့် သူ့မှာ ခံစားချက်တွေနဲ့ပတ်သတ်ပြီး ဖွဲ့နွဲ့နေဖို့ အချိန်လည်း မရှိခဲ့ပေ။ သို့ပေမယ့် သူ့အဖေမတော်တဆဖြစ်သွားတဲ့ အချိန်တိုလေးမှာ လင်းရှီဖန်နဲ့ ပတ်သတ်ပြီး သူ့ခံစားချက်တွေက ထူးဆန်းကုန်သည်။ လင်းရှီဖန်သာ သူ့အနားမှာ ရှိနေရင် ခံစားချက်အကုန်လုံးက နွေဦးမှာတိုက်တဲ့လေပြေလေးလို အေးမြပြီး ခံစားလို့ ကောင်းသည်။

ပိုပြီး အံ့ဩစရာကောင်းတာက ထိုသူက သူ့နဲ့ပတ်သတ်ပြီး လက်ဖျားခါလောက်ရအောင် နားလည်နေတာဖြစ်သည်။

' လင်းရှီဖန်က ယောက်ျားတစ်ယောက်ဖြစ်နေတာတော့ တကယ်နှမျောစရာကောင်းတာပေါ့ '

လီချန်းယွီက အိမ်ပြန်လမ်းတစ်လျှောက်လုံးကို ထိုအကြောင်းတွေပဲ တွေးနေပြီး ဒီလောက်တောင် နှစ်တွေအကြာကြီး အသံတိတ်ကျင့်စဉ်ကျင့်နေခဲ့တဲ့ သူ့နှလုံးသားက လင်းရှီဖန်ပုခုံးပေါ်မှာ တစ်ညလေး စိတ်အေးလက်အေးအိပ်မိသွားချိန်ကစပြီး ပြင်းပြင်းထန်ထန် ဆူညံဝေစည် နေရသည့် အကြောင်းကို သုံးသပ်နေလေသည်။

သေချာတာတစ်ခုက လင်းရှီဖန်ဆိုတာ လီချန်းယွီ အနှစ်သက်ဆုံး လူတစ်ယောက် ။ အဲ့လိုလူရဲ့ ပုခုံးမှာ တစ်ညလုံးမှီအိပ်ပြီး ထူးထူးဆန်းဆန်း နှုတ်ဆက်စကားပြောပြီး ပွေ့ဖက်လိုက်တဲ့ အချိန်မှာတောင် ပြန်မလွှတ်ချင်တော့သည်အထိ သူ့ခံစားချက်က အတော်ဆိုးခဲ့သည်လေ ။

ဒါကို ညီအစ်ကို သံယောဇဉ်ပါလို့ ခေါင်းစဉ်တပ်လို့ရပါ့မလား။

သို့ပေမယ့်လည်း ဘယ်ညီအစ်ကိုတစ်ယောက်ကိုမှ ဒီလိုခံစားချက်တွေ မရှိခဲ့ဖူးဘူးလေ။

အကယ်၍ လင်းရှီဖန်သာ မိန်းကလေးတစ်ယောက်ဆိုရင်တော့ မနှေးသောလက်နဲ့ အမိအရဖမ်းပြီး တစ်ခါတည်းကို လက်ထပ်ပစ်မှာ ဖြစ်သည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Donde viven las historias. Descúbrelo ahora