Chapter 62 - Carnival Poll

1.3K 286 44
                                    

Miracle Professional League ၏ ကြေညာချက်အရ World Carnival ပွဲတွင်ပါ၀င်ရမည့် ကစားသမားတွေကို online voting စနစ်ဖြင့် ရွေးချယ်သွားမှာဖြစ်သည်။

ကျော်ကြားမှုကိုကြည့်ပြီး fan တွေvote ပေးတဲ့စနစ်နဲ့ရွေးမှာဆိုတော့ ရလဒ်က မမျှတသလိုဖြစ်နေပေမယ့် ကစားသမားအားလုံးအဆင်ပြေအောင် league က Miracle Forum ထဲ၀င်ထားတဲ့ကစားသမားတွေထဲက level 3 နဲ့အထက်ကို တစ်နေ့ကို တစ်ခါ vote ပေးနေပြီး ကစားသမားအားလုံးကို အကန့်အသတ်မရှိ vote ပေးနိုင်အောင်လည်း စီစဥ်ပေးထားသည်။ 

ဒီနည်းလမ်းကို လူတော်တော်များများက မေးခွန်းထုတ်ချင်နေကြသည်။

အကြောင်းက league ထဲ၀င်ထားတဲ့သူတွေထဲမှာ ကစားသမားတွေအပြင် 99% သော fan တွေကလည်း live လွှင့်ရင် ကံစမ်းခွင့်တွေရှိတာမို့ သူတို့လည်း forum ထဲ register လုပ်ထားကြသည်။

Auto vote ပေးတဲ့စနစ်ကိုလည်း level 3 နဲ့အထက်ကိုပဲ ပေးတာက တချို့သော လူတွေက voting ပေးတာနဲ့ပတ်သတ်ပြီး ရှုပ်ထွေးအောင် လုပ်ကြလို့ဖြစ်သည်။ 

လူတိုင်းက တစ်နေ့ကို vote တစ်ခုနှုန်းပုံမှန်ရကြပြီး World Carnival ပွဲမရောက်ခင် တစ်လကျော်အချိန်အထိ ထို vote တွေက အကျုံး၀င်သည်။
ဒီနေ့ကနေစပြီး လူတိုင်းက 50 ထက်မနည်းတဲ့ vote အရေအတွက်ကို ရကြသည်။ တခြားတစ်နည်းနဲ့ပြောရရင် fan တစ်ချို့က တစ်နေ့ တစ်vote နှုန်းနဲ့ voting ပေးနေချိန် တချို့သော fan တွေက အကုန်လုံးကို တစ်ခါတည်း vote ပေးနိုင်တဲ့ လက်မှတ်အစောင် ၅၀ ကို  စုဆောင်းနေကြသည်။ ဒါကြောင့် နောက်ဆုံး မိနစ်ပိုင်းလေးထိ ဘယ်သူက ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိကြပေ။

voting poll ဖွင့်လိုက်တာနဲ့ ဒိတ်ဒိတ်ကြဲ အသင်းသုံးသင်းက  အကျော်ကြားဆုံးခေါင်းဆောင် သုံးယောက်ဖြစ်သည့်  Wind Colour အသင်းခေါင်းဆောင် လင်းရှီဖန် ၊   Flying Feathers အသင်းခေါင်းဆောင် စူဂွမ်မို ၊ Time အသင်းခေါင်းဆောင် တန်စီထျန်တို့က voting အများဆုံးနဲ့ ဦးဆောင်နေကြသည်။

***

လီချန်းယွီ New York ကို ပြန်ရောက်တာနဲ့ ပိုင်ရွှယ်ကိုခေါ်ပြီး သူယူလာတဲ့ တိုင်းရင်းဆေးကို ဦးစွာတိုက်လိုက်သည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Wo Geschichten leben. Entdecke jetzt