လင်းရှီဖန် စင်နောက်ကိုပြန်လာပြီး သူ့အိတ်ထဲကဖုန်းကိုထုတ်ပြီး Weibo အကောင့်ထဲဝင်လိုက်သည်။ ဝင်ဝင်ချင်းသူမြင်လိုက်ရသည်က ချောင်ဝေရဲ့ စာဖြစ်ပြီး အောက်ကိုဆက်မကြည့်ချင်မှာပဲ သူ့နှလုံးသားက အလိုမကျမှုတွေနဲ့ ဒေါသတွေထွက်သွားခဲ့သည်။
ဒါကို တစ်စုံတစ်ယောက်ကိုသာ သွားမေးကြည့်ရင် ' လင်းရှီဖန်က အဲ့လိုမဟုတ်ပါဘူး ' လို့ ပြောကြလိမ့်မည်။ သို့ပေမယ့် လင်းရှီဖန်ကိုယ်တိုင်လည်း အခုလို တုံ့ပြန်လိုက်မိတဲ့ သူ့ရဲ့ခံစားချက်တွေကြောင့် ထူးဆန်းသလိုဖြစ်သွားသည်။
"လီချန်းယွီက ငါ့ကို ကူညီတာလေ မင်းတို့ပြောချင်ရင် ငါ့ကို လာပြော "
အမှန်အတိုင်းပြောရရင် သူများတွေပြောနေတဲ့ အတင်းအဖျင်းတွေနဲ့ ပတ်သတ်ပြီး လင်းရှီဖန်ဆိုတဲ့ လူမျိုးက ဂရုလည်းမစိုက်သလို အဖက်လုပ်ပြီးလည်း ခံစားမနေပေ။ သူကိုယ်တိုင်က အပြစ်ပြောစရာရှိနေပေမယ့် သူ့ကိုအပြစ်ပြောကြတဲ့အပေါ် တစ်ခါမှ စိတ်ထဲထားပြီး ခံစားမနေတတ်ပေ။ သူက ပုံမှန်အတိုင်းကိုမှ အအေးစက်ဆုံးနေတတ်ပြီး သူတို့အသင်း ပြိုင်ပွဲမှာရှုံးသွားရင်တောင် သူ့အတွက်က သာမန်ကိစ္စလေးတစ်ခုမျှသာ ဖြစ်သည်။
သို့ပေမယ့် လီချန်းယွီကို ဝိုင်းပြီးအပြစ်ပြောနေတာကို မြင်တဲ့အခါ သူဘယ်လိုမှမနေနိုင်ခဲ့။ နတ်ဆိုးဆိုသည့် အတိုင်း ချောင်ဝေရဲ့စာကို မြင်တာနဲ့ သူလည်း လီချန်းယွီကို ကာကွယ်ဖို့ စာရေးပြီးတင်လိုက်သည်။
ဒါက သူ့နှလုံးသားရဲ့ အလိုအတိုင်းဖြစ်ပြီး သူ့လိုပဲ လီချန်းယွီကလည်း အတင်းအဖျင်းတွေနဲ့ ပတ်သတ်ရင် စိတ်ထဲမထားဘဲ နေတတ်တာ သိပေမယ့် သူကာကွယ်ပေးချင်မိတာကြောင့်ဖြစ်သည်။
ထိုအချိန် သတင်းထောက် ယောင်လျှို့ရောက်လာပြီး သူက တရုတ် Miracle လောကကို ဘယ်လိုပွက်လောရိုက်အောင် လုပ်ရမလဲ ဆိုတာကောင်းကောင်းသိသူမို့ လင်းရှီဖန်အနားရောက်တာနဲ့ မိုက်ကို မြှောက်လိုက်ပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ မေးလိုက်သည်။
"ခေါင်းဆောင် လင်း ဒီနေ့ပြိုင်ပွဲမှာ နည်းဗျူဟာပိုင်းနဲ့ပတ်သတ်ပြီး အစီအစဉ်လုပ်ခဲ့တာက တကယ်ပဲ Cat God လီချန်းယွီ လား။ "
ESTÁS LEYENDO
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
No Ficciónဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...