Chapter 65 - Undercovers Alliance

1.1K 264 65
                                    

[ပြိုင်ပွဲ ရှိနေတာကို online game လာပြေးဆော့နေတာ လင်းရှီဖန် မှ ဟုတ်ရဲ့လား။]

[ပြိုင်ပွဲက နောက်သုံးရက်နေမှ ပြန်စမှာလေ အဲ့တာကြောင့် အခုက နည်းနည်းအားနေတယ်...]

ကြောင် ရဲ့ လက်ထဲမှာ ဒီလိုမြန်မြန်မိလိမ့်မယ်လို့ လင်းရှီဖန် ထင်တောင် မထင်ထားပေ။ သူများ guild မှာ side account နဲ့ စုံစမ်းရေး သွားလုပ်တယ်ဆိုပေမယ့် ဒီလို မြန်မြန်ကြီး မိသွားတော့ လင်းရှီဖန်လို cool guy ကြီးက စိတ်မသက်မသာတော့ ဖြစ်သွားသည်။

[အဲ့လိုဆိုတော့လဲ ငါနဲ့ နယ်မြေရှင်းလင်းရေး အတူလုပ်လေ ၊ ငါတို့ လူလိုနေတယ်]

ဘာရယ်မဟုတ် လင်းရှီဖန် ပို့လာတဲ့ စာတွေကို ဖတ်ရင်း လီချန်းယွီ၏ မျက်နှာက အပြုံးပန်းတွေ ‌ဝေဝေ ဆာ သွားသည်။

" cat god ဘယ်သူလဲ သိသွားပြီလား"

ဂိမ်းထဲမှာ Love to Eat Braised Fish က Steamed Bass ကို သတ်လိုက်တာမြင်တော့ ရှောင်ဂူခနတောင် မအောင့်နိုင်ပဲ မေးလေသည်။

"လင်းရှီဖန် " လီချန်းယွီ ပြန်ဖြေလိုက်သည်။

ကြောင်ကြီးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပေမယ့် voice channel ကြီးကတော့ ခေတ္တခန တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထို့နောက် ရှောင်ဂူ၏ အာပြဲအသံကြီး ဟိန်းကနဲ ထွက်လာပြီး voice channel ကို အသက်ပြန်သွင်းလိုက်၏။

"ခေါင်းဆောင် လင်း ခေါင်းဆောင် လင်းကို ပြောတာလား."

"ရှောင်ဂူ မင်း အဲ့လောက်ထိ အော်ပြောဖို့ လိုလို့လား။ ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလဲ။ league ရဲ့ ဦးနှောက်မရှိတဲ့ ဖန် လုပ်ဖို့ ကြံနေတာလား။ "

ရှောင်ဂူလေး၏ အသံကြောင့် ပိုင်ရွှယ်တောင် လန့်သွားရသည်။

"ဟီး ဟီး ဟီး .. "

[As the Name Suggests has sent a flower to Steamed Bass.]

[As the Name Suggests has sent a flower to Steamed Bass.]

[မင်း ဘာလို့ ပန်းတွေ ပေးနေတာလဲ]

ရုတ်တရက်ကြီး လင်းရှီဖန်၏ system တစ်ခုလုံး ပန်းတွေနဲ့ ပြည့်သွားတော့ question mask တစ်သီတစ်တန်းနဲ့ ပန်းတွေပို့လိုက်တဲ့ ID ထံ စာရေးပြီး မေးလိုက်သည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Onde histórias criam vida. Descubra agora