အခန်း(၁၀၃) Old Cat ရဲ့ စာသင်ခန်း(၁)
နောက်တစ်နေ့မနက် လီချန်းယွီအိပ်ရာကနိုးလာတော့ ဦးလေးကျန်းနဲ့ ရှောင်ကူတို့က ကိုယ်လက်သန့်စင်ခြင်းပြုလုပ်ပြီးလို့ သူ့ကို ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသည်။ ရှောင်ဟန်ရဲ့အိပ်ခန်းတံခါးကလည်း ပိတ်ထားဆဲဖြစ်ပြီး ခန့်မှန်းကြည့်ရရင် အချိန်အပြောင်းအလဲအပေါ် နေသားမကျသေးတာ ဖြစ်မယ်။
လီချန်းယွီက ရှောင်ဟန်ကိုကြည့်ဖို့ အိပ်ခန်းတံခါးကိုဖွင့်လိုက်တဲ့အခါ ကုတင်ပေါ်တွင် တစ်ဖက်သို့စောင်းကာ အိပ်နေသော ရှောင်ဟန်ကိုတွေ့လိုက်ရသည်။ သူ့ရဲ့ရွှေအိုရောင်ဆံပင်တွေက နဖူးရှေ့ဖုံးကာကျနေပြီး နှုတ်ခမ်းကအနည်းငယ်ဆူထွက်နေကာ နတ်သားငယ်လေးတစ်ပါးနှင့်ပင် တူနေစေသည်။
လီချန်းယွီက ရှောင်ဟန်ကိုနိုးဖို့တွန့်ဆုတ်နေပေမယ့် လေ့ကျင်ချိန်စတော့မှာမို့ ရှောင်ဟန်ကုတင်နားသွားပြီး ဆံပင်ကို ဖြည်းညင်းစွာပွတ်သပ်လိုက်သည်။
"ရှောင်ဟန် ... ထတော့"
ရှောင်ဟန်က အူလည်လည်နဲ့ထလာသည်။
"ဆရာ ဘယ်အချိန် ရှိပြီလဲ"
မျက်လုံးကိုပွတ်သပ်ရင်းနဲ့ ရှောင်ဟန်က ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ရှစ်နာရီတောင် ထိုးနေပြီ။ ထတော့ မနက်စာစားရအောင်"
"အော်.."
ရှောင်ဟန်က အိပ်ရာမှအလျင်အမြန်ထပြီး အဝတ်အစားလဲကာ မျက်နှာသစ်၊ သွားတိုက်ပြီးနောက် သူ့ဆရာနောက်မှနေ၍ လိုက်သွားခဲ့သည်။ လူလေးယောက်က 'နဂါးစစ်သည်များ ကလပ်' ရဲ့ ထမင်းစားခန်းထဲ ဦးတည်သွားနေကြသည်။ ထိုထမင်းစားခန်းထဲတွင် လေးထောင့်စားပွဲတွေကို သေသပ်စွာစီရီထားပြီး ကစားသမားတိုင်းက သူတို့ခေါင်းတွေကိုမြှုပ်နေအောင်ငုံ့ထားပြီး မနက်စာ စားနေကြသည်။
'ကျောင်းကန်တင်းကို မစဉ်းစားပဲနဲ့တောင် မနေနိုင်တော့'
ကလပ်၌ အသင်းသားတွေစားသောက်ဖို့အတွက် တာဝန်ယူထားတဲ့ အကောင်းဆုံးစားဖိုမှူးလည်း ရှိသည်။ ဘူဖေးပုံစံလည်းဖြစ်ကာ အစားအသောက်ဖိုးအတွက် ပိုက်ဆံပေးစရာလည်းမလိုပေ။ 'နဂါးစစ်သည်များ' ကလပ်က ဘယ်အသင်းသားမဆို ပန်းကန်ယူပြီး ကြိုက်နှစ်သက်ရာအစားအသောက်ကို စားနိုင်သည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Non-Fictionဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...