Group D ၏ပထမပွဲစဉ်ပြီးဆုံးသွားတော့ Group C မှ US team 1 နှင့် South Korea team 2 တို့၏ပြိုင်ပွဲကို စတင်ခဲ့သည်။ လင်းရှီဖန်တို့ အသင်းက ပြိုင်ပွဲမဝင်ရသေးတာဖြစ်လို့ သီးသန့်ခန်းမှာရှိနေပြီး နိုင်ငံခြားအသင်းတွေရဲ့ ကစားနည်းပုံစံကို သေချာသိရအောင် အသေးစိတ်လေ့လာနေကြသည်။ ထိုအသင်းနှစ်သင်းလုံးက အရမ်းကိုတော်ကြပြီး ကစားသမားတစ်ယောက်ချင်းစီ၏ level ကလည်း အရမ်းမြင့်တာမို့ ထိုပြိုင်ပွဲက အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းခဲ့သည်။ အံ့ဩစရာကောင်းစွာပဲ နှစ်သင်းလုံးက တစ်စက္ကန့်ချင်းစီကို အကြိတ်အနယ် တိုက်ခိုက်ရင်း နောက်ဆုံးမှာ တောင်ကိုရီးယားအသင်းက US အသင်းကို ကပ်သီးလေးနဲ့ အနိုင်ယူသွားခဲ့သည်။
အချိန်က ခုနစ်နာရီခွဲနေပြီး ပြိုင်ပွဲလည်းပြီးသွားပြီမို့ ဝန်ထမ်းတွေက နောက်ပြိုင်ပွဲအတွက် တရုတ်အသင်းကို ပြင်ဆင်ထားဖို့ လာပြောခဲ့သည်။ နောက်ထပ်ပြိုင်ပွဲတစ်ခုဖြစ်သည့် လင်းရှီဖန် တို့၏ ပွဲစဉ်ကလည်း main stage မှာပြိုင်ရမှာဖြစ်ပြီး live လွင့်ပြီး တင်ဆက်ရမှာဖြစ်တဲ့အတွက် မီဒီယာက သူတို့ တရုတ်အသင်းနဲ့ US အသင်းရဲ့ယှဉ်ပြိုင်မှုကို စိတ်ဝင်စားမှုရှိကြောင်းသိနိုင်သည်။ သူတို့က ရလဒ်ကို ပိုပြီး သိချင်နေကြသည်။
***
ပြည်တွင်း တင်ဆက်မှုအတွက် live လွှင့်တင်ဆက်ပေးနေတဲ့ ယွီဘင်နဲ့ ဟုန်ရီကလည်း ပထမပြိုင်ပွဲ၏ရလဒ်အခြေအနေကို အသေးစိတ်တင်ပြပေးနေသည်။
"World Carnivals 3v3 event ၏ ပထမပွဲစဉ်က ပြီးဆုံးသွားပါပြီ။ ရလဒ်အနေနဲ့ Group A မှာ ဗြိတိန်အသင်း(၂) Group B မှာ ဂျာမန်အသင်း ၊ Group C မှာက တောင်ကိုရီးယားအသင်း(၂) နဲ့ ကျွန်မတို့ တရုတ်အသင်း(၂) က Group D ရဲ့ အနိုင်ရအသင်းဖြစ်ခဲ့ပါတယ်။ ဒီအသင်းလေးသင်းက ရမှတ်နှစ်မှတ်စီရသွားပြီး ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
screen ပေါ်တွင် ပြိုင်ပွဲဝင်အသင်းများ၏ အမှတ်ဇယားများကို ဖော်ပြပေးထားသည်။ အနိုင်ရရှိတဲ့အသင်းတွေက အမှတ်နှစ်မှတ်စီရရှိကြတာမို့ US ၊ ဂျာမနီ ၊ တောင်ကိုရီးယားနှင့် တရုတ် နိုင်ငံတွေက အမှတ်နှစ်မှတ်စီနှင့် ကျန်တဲ့နိုင်ငံတွင်တော့ ဇီးရိုး ဟုသာ ဖော်ပြထားသည်။
BẠN ĐANG ĐỌC
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Phi Hư Cấuဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...