guild အသင်းက Popular Land Under Heaven ကတော့ ကျွင်းမိုက arena ပြိုင်ပွဲမှာသွားပြီး စိန်ခေါ်နေတာကို တွေးပြီး အရမ်းကို စိတ်လှုပ်ရှားနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် Cat God ဆီက ပိုက်ဆံနည်းနည်းလောက်ပဲနိုင်ခဲ့ရင်တောင် Wind Colour အသင်းအတွက်ပြန်ပြီး လက်စားချေနိုင်တာပဲ မဟုတ်ဘူးလား။
Cat God အတွက်တော့ လွယ်ကူမှာ မဟုတ်ဘူး။!
သူက လက်စားချေနိုင်မည့်အရေးကို တွေးတွေးပြီး ပျော်နေသလို guild ရဲ့ ဖန်ငွေပါ တိုးလာမည့်အကြောင်းလည်း တွက်ဆမိတော့ အတော်လေးကို အူမြူးလို့နေသည်။
ထိုစဉ် တိုက်တိုက်ဆိုင်ဆိုင် ကျွင်းမိုဆီမှ စာဝင်လာသည်။
[ခေါင်းဆောင် ကျွန်တော့်ဆီ ရွှေသား ရှစ်ထောင် ပို့ပေးပါလား။ထပ်ကစားဖို့ အကောင့် ရှစ်ကောင့်ကျန်နေသေးတယ်။ ကျွန်တော့်မှာ ပိုက်ဆံမရှိတော့လို့]
'ဘုရားရေ .... တကယ်ကြီး ကျွင်းမို ဆီက စာပါ'
Popular Land Under Heaven တစ်ယောက် မယုံနိုင်မကြည်နိုင်ဖြစ်ပြီး ပြန်မေးလိုက်သည်။
[အခုလေးတင် နှစ်ပွဲနိုင်လို့ ရွှေသား တစ်သိန်း ရထားတယ် မဟုတ်ဘူးလား။]
[ကျွန်တော် Cat God ကို ပြန်ပေးလိုက်ရလို့]
ကျွင်းမို စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလိုက်သည်။
Popular Land Under Heaven: [မင်း နိုင်တာကို ဘာကိစ္စ ပြန်ပေးရတာလဲ]
ကျွင်းမို : [ဆရာက ပြန်ပေးခိုင်းလို့]
Popular Land Under Heaven " ..... "
ကျွင်းမိုက arena challenge ကို သွားစိန်ခေါ်တယ် ။ ပြီးတော့ နိုင်နေရင်း တန်းလန်းနဲ့ ပိုက်ဆံပါ ပြန်ပေးလိုက်ရတယ်။
အဲ့တာက တကယ်ရော arena challenge ဟုတ်ရဲ့လား။
Cat God က စီးပွါးရေးလုပ်တာ သိပ်တော်တာပဲ။
ခေါင်းဆောင် လင်းကလည်း စည်းမျဉ်းတွေအကုန် ဝါးစားလိုက်ပြီထင်တယ်။
Popular Land Under Heaven က ကျွင်းမိုဆီ ရွှေသား ရှစ်ထောင်လွှဲပြောင်းပေးရင်း သူ့ရဲ့ ခေါင်းဆောင် လင်းကိုပါ မကျေမချမ်း ဆူပူနေလိုက်သေးသည်။

BẠN ĐANG ĐỌC
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Phi Hư Cấuဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...