Chapter 77 : GroupDraw

1K 246 16
                                    

နေ့လည် ထမင်းစားချိန်ပြီးတော့ ညနေ သုံးနာရီတွင် ကာနီဗယ်ပွဲတော်ကို ပြန်လည်စတင်ခဲ့သည်။ အနားပေးသည့် နှစ်နာရီတွင် လူတိုင်းက သူတို့အခန်းမှာသူတို့ အနားယူနေကြသည်။

ကျန်းရှောင်ဟွေး နေ့လည်စာဝယ်ပြီး ပြန်လာတော့ သူ့တူ လုံဝူရွှမ်းက ရေချိုးနေဆဲဖြစ်သည်။

"ကိုကိုရေ မင်းရေချိုးပြီး ထွက်လာရင် နေ့လည်စာစားလိုက်နော် "

ကျန်းရှောင်ဟွေး သူဝယ်လာတဲ့ နေ့လည်စာကို စားပွဲပေါ်တင်ပြီး ရေချိုးခန်းအဝကနေ အော်ပြောလိုက်သည်။

လုံဝူရွှမ်းက ငယ်ငယ်ကတည်းက လူများတဲ့ နေရာတွေကို မကြိုက်တာမို့ ကျန်းရှောင်ဟွေးကပဲ အစစအရာရာလိုက်လုပ်ပေးရသည်။

"ငါ မင်းကြိုက်တဲ့ ကြက်ခြေထောက်ဝယ်လာတယ် ။ လာစားလိုက် "

လုံဝူရွှမ်း ရေချိုးခန်းထဲကထွက်လာတော့ ကျန်းရှောင်ဟွေးက သူဝယ်လာတဲ့ ကြက်ခြေထောက်ပါဆယ်ထုပ်ကို မြှောက်ပြပြီး ပြောလိုက်သည်။

"အင်း "

လုံဝူရွှမ်း သူ့ညီဘေးနားကပ်ထိုင်လိုက်ပြီး ကြက်ခြေထောက်ထုပ်ကို ဖွင့်လိုက်သည်။ သူ့ညီအူလည်လည်က ကိစ္စတစ်ခုကို လွယ်လွယ်နဲ့ နားမလည်နိုင်ပေမယ့် လုံဝူရွှမ်းလို အရမ်းတော်ပြီး ခံစားချက်တွေပြင်းပြတတ်တဲ့ လူတွေကို သဘောမတွေ့တတ်တဲ့ သူအဖို့တော့ သူ့ညီလို ရိုးရိုးရှင်းရှင်းလေးကပဲ သူ့အတွက် ပိုပြီးသက်တောင့်သက်သာ ရှိစေသည်။

တစ်ခုပဲ ထိုသက်တောင့်သက်သာရှိမှုဆိုတာက ဒီနောက်ပိုင်းမှာ တဖြည်းဖြည်းပျောက်ကွယ်လာသလိုပဲ ။ အခုလည်း ထိုအရူး ကျန်းရှောင်ဟွေးပြုံးနေတာကို ကြည့်ပြီး လူကပါ အရူးတစ်ယောက်လို ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲလာတယ်။

ဒီညီလေးက အမှန်တော့ အရမ်းကိုကောင်းတဲ့ ညီလေးတစ်ယောက်ဖြစ်ပြီး သူ ငယ်ငယ်လေးကတည်းက သူ့အကိုကိုအမြဲတမ်းကာကွယ်ပေးခဲ့သည်။ ထိုအချိန် လုံဝူရွှမ်းကို အနိုင်ကျင့်တဲ့သူမှန်သမျှက ကျန်းရှောင်ဟွေးနဲ့ တစ်ပွဲတစ်လမ်းနွှဲရပြီး ကျန်းရှောင်ဟွေးကိုယ်တိုင်ကလဲ သူသာ အထိုးခံရင်ခံလိုက်မယ် သူ့အကို လုံဝူရွှမ်းကိုတော့ ခြစ်ရာလေးတစ်ခုတောင် အပွန်းအပဲ့မခံပေ။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Where stories live. Discover now