ကာနီဗယ်ပွဲတော်၏ပထမနေ့တွင် အဖွဲ့တစ်ခုဆီက လေးပွဲစီယှဉ်ပြိုင်ကြရသည်။ တရုတ်အသင်း (၁) က ပြိုင်ပွဲနှစ်ခုပြိုင်ရမှာဖြစ်ပြီး ပထမတစ်ကြိမ်ပြိုင်ပွဲအတွက် ဩစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရသည့် ဒုတိယပွဲစဉ်နှင့် US နှင့်ပြိုင်ရမည့် စတုတ္ထပွဲစဉ်ဖြစ်သည်။ ပြိုင်ပွဲတစ်ဝက်မှာ နားချိန်တစ်ချို့ပေးခဲ့ပြီး လင်းရှီဖန် ၊ စူဂွမ်မို နဲ့ ချူယန်က သူတို့သုံးမယ့် နည်းဗျူဟာနဲ့ပတ်သတ်ပြီး ပြန်ပြီး ဆွေးနွေးခဲ့ကြသည်။
စတုတ္ထပွဲစဉ်က ရှစ်နာရီခွဲတွင် စတင်ခဲ့သည်။ ထိုပွဲစဉ်အတွက် အားကောင်းတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ တရုတ် အသင်း နဲ့ Us အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နှစ်သင်းလုံးက ချန်ပီယံဆုရထာားပြီးသားမို့ main stage ယှဉ်ပြိုင်ရပြီး တိုက်ရိုက်ထုတ်လွှင့်ခွင့်ရသည်။
"ကျွန်တော်တို့ US အသင်း(၁)က မထင်မှတ်ဘဲ တောင်ကိုရီးယားအသင်းကို ရှုံးသွားခဲ့တယ်။ ဒီပွဲစဉ်မှာတော့ အနိုင်ရမှာသေချာပါတယ် ။ အဲ့ဒီအပြင် ဒီပွဲစဉ်က quarter-final ထဲဝင်ဖို့ အဆုံးအဖြတ်ပေးမှာဖြစ်လို့ ပိုပြီးလည်း ခက်ခဲနိုင်တာကြောင့် ဒီတစ်ကြိမ်တော့ ဂျက် ၊ သောမတ်စ် နဲ့ အက်မန် က တရုတ်အသင်းကို အနိုင်ယူဖို့ ကျွန်တော်တို့ အရမ်းကို မျှော်လင့်ထားကြတယ် ။" US သတင်းဌာနဘက်ကလည်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွင် ပြောသွားခဲ့သည်။
အသင်းတစ်ခုဆီအတွက် သတ်မှတ်အဆင့်နှစ်ခုစီစဉ်ပေးထားသည်။ ဒီနှစ်အတွက် US အသင်းက ထင်ထားသလောက် ကျော်ကြားမှုမရှိပေ။ ပထမပိုင်း သူတို့ပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းနဲ့ တစ်နာရီခွဲကြာအောင် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမိနစ်ပိုင်းရောက်မှ အပြတ်တိုက်ခိုက်ခံလိုက်ရသည်။ ဒုတိယပြိုင်ပွဲမှာလည်း သူတို့က တရုတ်ရဲ့ အားအပြင်းဆုံးအသင်းနဲ့ တိုက်ခိုက်ရမှာဆိုတော့ သူတို့သာရှုံးသွားခဲ့ရင် အသင်းလိုက် အဆင့်တက်ဖို့ မဖြစ်နိုင်တော့ပေ။
တောင်ကိုရီးယား တင်ဆက်မှုအပိုင်းက သတင်းကြေညာသူကလည်း ပြိုင်ပွဲအခြေအနေကို အသေးစိတ်တင်ပြသွားသည်။
BẠN ĐANG ĐỌC
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Phi Hư Cấuဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...