Chapter 83 : China VS USA (1)

860 262 18
                                    

နောက်ဆုံးမှာ အားလုံးစောင့်မျှော်နေတဲ့ ပြိုင်ပွဲက စတင်ခဲ့ပြီး ကစားသမားခြောက်ယောက်လုံးလည်း City Square မြေပုံပေါ်တွင် ပေါ်လာခဲ့သည်။

ထိုမြေပုံက ပြိုင်ပွဲတိုင်းအတွက် ရွေးချယ်ပေးထားတဲ့ မြေပုံဖြစ်ပြီး မြေပုံမှာ သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်ကောင်တွေ ပေါ်လာတာနဲ့ စူဂွမ်မိုက သူ့ရဲ့ ကြီးမားတဲ့ အစီအမံဓားကြီးကို ကိုင်မြှောက်ကာ ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ပြေးသွားခဲ့သည်။ လင်းရှီဖန်နဲ့ ချူယန်လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာကြသည်။

သူတို့ပုံစံက လုံးဝကို အရောင်တွေဖြာထွက်ပြီး အင်အားအပြည့်ဖြစ်နေတဲ့ တြိဂံလေးတစ်ခု။

သူတို့ အဓိကအဆောက်အဦးဆီရောက်တော့ တစ်ဖက်က ကစားသမားတစ်ယောက်ကိုမှ ရှာမတွေ့ပေ။ အကြောင်းက ဒါက blood kin race ဖြစ်တဲ့အတွက် ကစားသမားတွေက သူတို့ကိုမမြင်နိုင်အောင် ညအချိန်ကို ပြောင်းလဲလို့ရသည်။ ဖြစ်နိုင်ချေရှိတာကတော့ တစ်ဖက်က တောကောင်ဆင့်ခေါ်သူနဲ့ တောကောင် လူသတ်သမားက သူတို့ကို မမြင်နိုင်တဲ့ အစွမ်းကို လင်းရှီဖန်တို့ မြေပုံထဲစဝင်ကတည်းက ပြောင်းထားလိုက်တာ ဖြစ်မည်။

လင်းရှီဖန်က အရင်မလိုပဲ ပတ်ဝန်းကျင်အနေအထားကို အရင်အကဲခတ်လိုက်သည်။

အဖြေက တဖက်က ရန်သူတွေလည်း အခုလေးတင် မူလအဆောက်အဦးဆီရောက်တာဖြစ်ပြီး သူတို့ကို မမြင်နိုင်အောင် လုပ်ထားကြတာ ဖြစ်သည်။ တခြားတစ်နည်းနဲ့ ပြောရရင် သူ့တို့က အမှတ်မထင်ဝင်တိုက်ကြဖို့ ရည်ရွယ်ထားကြတာ ။သူတို့က နှစ်ယောက် သုံးယောက်ဖြစ်ဖို့ တရုတ်ဘက်က ကစားသမားတစ်ယောက်ကို အရင်ဆုံးသတ်ဖို့ အစီအစဉ်ချထားကြသည်။

တောကောင် လူသတ်သမားက တိုက်ခိုက်မှုပြုလုပ်တဲ့အခါ သူသတ်ချင်တဲ့သူရဲ့အနောက်ဘက်ကိုသွားလေ့ရှိတယ်။ အကြောင်းက သူတို့အနောက်ကနေတိုက်ခိုက်တဲ့အခါ damage bonus ရကြသည်။ အသင်းနှစ်သင်းရဲ့အလယ်မှာ အဆောက်အဦးရှိနေပြီး သူတို့သာ ရုတ်တရက်တိုက်ခိုက်မှုပြုလုပ်မယ်ဆိုရင် ထို အဆောက်အဦးနားက ကျောက်တုံးတွေဆီပဲ သွားကြမှာဖြစ်သည်။ ထိုအတွက်အချိန်က ငါးစက္ကန့်ကြာမှာဖြစ်သည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Tempat cerita menjadi hidup. Temukan sekarang