နောက်တစ်နေ့တွင် ကျွင်းမိုက သူ့ဆရာရဲ့ ညွှန်ကြားချက်အတိုင်း arena challenge room ထဲဝင်ပြီး ရှောင်ဟိုင်ကို short-term တွေနဲ့ပတ်သတ်ပြီး လေ့ကျင့်ပေးခဲ့သည်။ သူက ထုံးစံအတိုင်းအကောင့်ငါးကောင့်နဲ့ ကစားခဲ့ပြီး ငါးပွဲလုံးအနိုင်ရပြီးသွားချိန်မှာတော့ သူ့ဘဝကြီးက အခုမှပဲ ဒီခါးသက်လှတဲ့ သမုဒ္ဒရာကြီးကနေ လွတ်မြောက်သွားသည့်နှယ် အောင့်အင်းကာထားသမျှ အခုတော့ လွတ်ပြီ ကျွတ်ပြီ ဟူသည့်အတိုင်း တစ်စက္ကန့်တောင် ထပ်မစောင့်ဘဲ ရှောင်ဟိုင်ဆီ စာပို့လိုက်သည်။
[ငါ သွားပြီ ]
ရှောင်ဟိုင်ကတော့ ဆရာကျတဲ့ ကစားသမား လေ့ကျင့်သူကို လက်လွှတ်လိုက်ရမှာမို့ တွန့်တိုနေသည့်ဟန်ဖြင့် ပြန်မေးလိုက်သည်။
[နောက်လည်း လာအုံးမယ် မဟုတ်လား။]
ထိုစာကိုမြင်တော့ ကျွင်းမိုက သေချာပေါက်ကို မလာဘူး' လို့ ပြောလိုက်ချင်တာပေါ့။ သို့ပေမယ့် လီချန်းယွီက သူ့ဆီစာပို့ထားသည်လေ။
[မင်းအားရင် ရှောင်ဟိုင်ကို လေ့ကျင့်ပေးအုံး]
ဆိုတော့ ကျွင်းမိုရဲ့ အဖြေက [အင်း] ဟူ၍သာ။
ထို့ထက် ကျွင်းမိုရဲ့ စိတ်ထဲမှာ အခုထိ အခဲမကျေနေတာရှိတယ်။ အဲ့တာက သူ့ဆရာက ဘာကြောင့်များ Cat God ရဲ့ စကားကိုနားထောင်နေတာလဲ ဟူ၍ဖြစ်ပြီး သူ့ဆရာရဲ့ ထိုကဲ့သို့သော ပုံစံကိုလည်း အခုထိ သူတွေးကြည့်လို့မရသေးပေ။ သို့ပေမယ့်လည်း သူ့ဆရာလင်းရှီဖန်ရဲ့ ထပ်ဆင့်အမိန့်ကို နားထောင်မှာထက် လက်ဦးမှုယူပြီး Cat God ဆီက ထင်မြင်ချက်ကောင်းကောင်းလေး ယူထားတာက ပို၍ကောင်းသည်။
ရှောင်ဟိုင်က ကျွင်းမိုကို သူငယ်ချင်းအဖြစ် အကောင့်ထဲထားလိုက်ပြီး မဟာတံတိုင်းကြီးက ငွေဖြူရောင်ဆံပင်တွေလို တောက်ပနေတယ် ၊ အမဲရောင်ချည်မျှင်တွေက ညနေခင်းမှာတော့ တောက်ပတဲ့နှင်းပွင့်လေးတွေဖြစ်သွားတယ် ၊ စသဖြင့်သော ကဗျာဆန်ဆန် အကောင့်နာမည်တွေကလည်း ရှောင်ဟိုင်ရဲ့ အကောင့်ထဲမှာ စီတန်းလို့နေသည်။
ထို့အပြင် ရှောင်ဟိုင်က ကျွင်းမိုရဲ့ အကောင့်တွေကို နာမည်တစ်ခုနဲ့ သီးသန့်ခွဲထားသေးသည်။
ESTÁS LEYENDO
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
No Ficciónဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...