Chapter 96 : Sixth Season (2)

900 230 49
                                    

ခြောက်ကြိမ်မြောက်ရာသီပွဲကြီး ပြီးဆုံးသွားခဲ့ပြီး Wind Colour အသင်းက ချန်ပီယံဆုကို ရရှိခဲ့သည်။ Flying Feathers အသင်းက ဒုတိယဆုရခဲ့ပြီး Ghost Spirits အသင်းက တတိယဆုကို ရရှိခဲ့သည်။

ညနေပိုင်း၌ ရှန်ဟိုင်းမှာရှိတဲ့ အကြီးဆုံး Miracle အားကစားကွင်းတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

ခြောက်ကြိမ်မြောက်ရာသီပွဲ၏ အခမ်းအနားကျင်းပရာနေရာက ကောင်းကင်တွင် ကြယ်တွေ စုဝေးပြီး တောက်ပနေသကဲ့ မီးလုံးတွေနဲ့ လှပနေသည်။ အားကစားကွင်းကြီးတစ်ကွင်းလုံးအပြည့် တစ်နေရာတောင် အလွတ်မရှိပဲ ပရိတ်သတ်တွေနဲ့ ပြည့်နှက်နေပြီး လက်ခုပ်သံတွေလည်း ကျယ်လောင်နေသည်။

ယွီဘင်နဲ့ ဟုန်ရီလည်း ကြီးကျယ်ခမ်းနားတဲ့ ခြောက်ကြိမ်မြောက်ဆုပေးပွဲအတွက် ညနေခင်း ပွဲတက်ဝတ်စုံနှင့် လှပနေကြသည်။ ဆုပေးပွဲအခမ်းအနား၏ ပထမဦးဆုံး ဆုအဖြစ် ခြောက်ကြိမ်မြောက်ရာသီမှာ ဝင်ရောက်လာကြသည့် ကစားသမားအသစ်တွေကို ဆုပေးခြင်းဖြစ်သည်။

ထိုဆုအတွက် ဘယ်ကစားသမားအသစ်က ဆုရမလဲဆိုတာ သိပ်တော်တဲ့ Miracle fan တွေက သိနေကြပြီဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ကစားသမားအသစ်အတွက်ပေးတဲ့ဆုက အနာဂတ်မှာ တောက်ပနေမယ့် ကြယ်ပွင့်လေးလို ကစားသမားကို ကိုယ်စားပြုတာကြောင့် ဖြစ်သည်။

ကစားသမားအသစ်အတွက်ပေးအပ်တဲ့ ဆုကို စီနီယာကစားသမားတွေက ရွေးချယ်ပေးတာဖြစ်ပြီး ဒီနှစ်ရာသီမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ သူတို့ရဲ့ ရလဒ်ကို ကြည့်ပြီး ဆုံးဖြတ်ကြတာ ဖြစ်သည်။

ယွီဘင်၏လက်ထဲတွင် ဆုရသူ၏နာမည်ရေးထားတဲ့ စာအိတ်လေးရောက်ရှိနေပြီး စိတ်လှုပ်ရှားစွာနဲ့ စာအိတ်ကိုဖွင့်လိုက်သည်။

'ခြောက်ကြိမ်မြောက် ရာသီပွဲရဲ့ အကောင်းဆုံး ကစားသမားအသစ်ဆုကို Wind Colours အသင်းက ကျွင်းမို ရရှိသွားပါတယ်'

ယွီဘင်၏ အနိုင်ရရှိသူနာမည်ကို ကြေညာပြီးသွားပြီး ကျွင်းမို ' ဟုပြောလိုက်သည့် အသံက ကျယ်လောင်နေသည့်တိုင်အောင် ကျွင်းမိုကတော့ နားကြားမှားလိုက်သည့်အတိုင်း မယုံကြည်နိုင်ပဲ ဖြစ်နေသည်။ ကျွင်းမိုက ဘေးပတ်ပတ်လည်ကို မျက်လုံးအဝိုင်းသာ လိုက်ကြည့်လိုက်ပြီး သူ့ဆရာလင်းရှီဖန်၏ ပုခုံးပုတ်ကာ ခေါင်းညိမ့်ပြတော့မှ ဒါက အမှန်ဆိုတာ သူ လက်ခံနိုင်တော့သည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Where stories live. Discover now