Chapter 74 : Opening Ceremony

1K 254 22
                                    

အောက်တိုဘာလ ၂ ရက်နေ့ နယူးယောက်အချိန် မနက် ကိုးနာရီတွင် တရုတ်က သတင်းသမားတွေနဲ့ ဓာတ်ပုံသမားတွေ ကာနီဗယ်ပွဲတော်အတွက် တရုတ်က လက်ရွေးစင်ကစားသမားခြောက်ယောက်နေဖို့ စီစဉ်းပေးထားတဲ့ ဟိုတယ်အရှေ့တွင် သတင်းတင်ဆက်ဖို့ ရောက်နေကြပြီဖြစ်သည်။

" အားလုံးပဲ TV ရှေ့ကနေ မခွာစတမ်း ကျွန်မတို့ရဲ့ အစီအစဉ်ကိုစောင့်ကြည့်နေရဲ့လား။ ကျွန်မက ကနဦးအစီအစဉ်တင်ဆက်သူ ယောင်လျို ပါ။ နောက်တစ်နာရီအတွင်းမှာ ကျွန်မတို့ စောင့်မျှော်နေတဲ့ ကာနီဗယ် ပွဲတော်ကြီးကို စတင်တော့မှာပါ။ အခု ကျွန်မရောက်နေတာက တရုတ်က ကစားသမားတွေတည်းတဲ့ ဟိုတယ်ရှေ့မှာ ဆိုတော့ သူတို့ထွက်လာရင် ကျွန်မမေးခွန်းလေးတွေမေးမှာ ဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးပါအုံးရှင့် "

ထိုအမျိုးသမီး သတင်းတင်ဆက်သူက ကင်မရာရှေ့မှာ စကားတွေကို မြန်မြန်ပြောပြီး သူ့ရဲ့ သေသပ်တဲ့ ဆံပင်စီးနှောင်ထားမှုနဲ့ ရယ်လိုက်ရင် ထင်းလာတဲ့ ပါးချိုင့်လေးနဲ့အတူ ကာနီဗယ်ပွဲတော်ကို စောင့်နေကြတဲ့ ပရိတ်သတ်တွေအတိုင်း စိတ်လှုပ်ရှား ပျော်ရွှင်နေမှုကို ဖော်ပြနေသည်။

" ဒီနေ့ ကာနီဗယ်ပွဲတော်မှာ ပါဝင်မယ့် ကစားသမားခြောက်ယောက်လုံးက တရုတ်မှာ နာမည်အကြီးဆုံး ကစားသမားတွေဖြစ်လို့ ပရိတ်သတ်ကြီးလည်း သူတို့ကို တွေ့ချင်နေမယ်ဆိုတာ ကျွန်မယုံကြည်တယ် ။"

" အို့ နေပါဦး ကျွန်မ ဟိုမှာ ခေါင်းဆောင်လင်း ကိုတွေ့လိုက်ပြီ။ သူ့ကို မေးခွန်းလေးတွေ သွားမေးရအောင် "

ယောင်လျို လင်းရှီဖန်ရှိရာသို့ မြန်မြန်လျှောက်သွားပြီး သူ့လက်ထဲက မိုက်ကို ပါးစပ်နားတေ့ကာ မေးခွန်းတွေမေးဖို့ ပြင်လိုက်သည်။

"ခေါင်းဆောင် လင်း တွေ့ရတာ ဝမ်းသာပါတယ် ။ ဒီနေ့ နယူးယောက်ကို လာရတဲ့ ခံစားချက်လေးကို ဝေမျှပေးလို့ရမလား"

"ကောင်းပါတယ် "

ဘယ်လိုတောင် အေးစက်ရတာလဲ။ သူက အင်တာဗျူးလုပ်ရတာ ခက်ခဲမှန်းသိပေမယ့် ယောင်လျိုမှာ ထပ်မေးရမယ့်တာဝန်ရှိနေသေးတယ်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Where stories live. Discover now