Chapter 85 : Behind the Scenes Strategist (1)

985 229 26
                                    

တရုတ်နဲ့ အမေရိကားပြိုင်ပွဲက ပြည်တွင်း e-sports လောကတစ်ခုလုံးကို ပွက်ပွက်ဆူသွားစေသည်။ သတင်းတင်ပြသူတွေလည်း ပြည်တွင်း e-sports website များတွင် ထိုအနိုင်ပွဲကို ခေါင်းကြီးပိုင်းကနေ ဖော်ပြပြီး ရေးနေကြသည်။ တရားဝင်ထုတ်လုပ်သူတွေဘက်ကလည်း ပြိုင်ပွဲအကြောင်းကို အဓိကထားတင်နေကြသည်။ ထို့နောက် Weibo တွင် ထောင် သောင်းမက ရှယ်ကြသူများဖြင့် ထိုသတင်းက hot search ၏ထိပ်ဆုံးစားရင်းထဲဝင်သွားခဲ့သည်။ ထိုရှာဖွေမှုအကြောင်းကတော့ ပြောစရာမလိုအောင် ယွီဘင်အရိပ်အမြွက်ပေးခဲ့သည့် နောက်ကွယ်က ကြိုးကိုင်သူအကြောင်းဖြစ်သည်။

"နောက်ကွယ်က ကြိုးကိုင်သူပေါ့လေ။ ဘယ်သူလဲ အဲ့တာက"

ထိုအကြောင်းကို ဖန်တွေသာမက ဂျာနယ်လစ်တွေပါ ပေါင်းရှာကြတာမို့ ထိုနေ့က weibo ၏အခြေအနေသည် လိုင်းကျပြီး ပြတ်တောက်သွားသည်အထိ။

သို့ပေမယ့် သူတို့တွေဘယ်လိုပွတ်လောရိုက်ပြီးရှာရှာ ယွီဘင်ဆီက သဲလွန်စလေးတစ်မှုန်တောင် ထပ်မထွက်လာတော့ပေ။ များစွာသော ဖန်တွေက သူတို့နည်း သူတို့ဟန်နဲ့ ခေါင်းပေါက်မတတ်စဉ်းစားကြပြီး ရသမျှအတွေးတွေကိုလည်း ဖြစ်နိုင်သည် မဖြစ်နိုင်သည် ဟုတ်သည် မဟုတ်သည်က အသာထား လိုင်းပေါ်တင်ပြီး အမြင်ချင်း ဖလှယ်ဖို့က နံပါတ်တစ်အရေးကြီးတာမို့ စဉ်းစားမိသမျှသူတွေကို လိုင်းမှာ တက်ရေးကြသည်။

"ဥက္ကဌ နန်ကျင်း မဖြစ်နိုင်ဘူးလား"

ထိုအထင်အတွက် လူတော်တော်များများ၏အဖြေက 'မဖြစ်နိုင်' ဟူ၍ဖြစ်သည်။

"ဥက္ကဌက ဥက္ကဌပဲလေ သူ့ရဲ့ ဗျူဟာက ခေါင်းဆောင် လင်း နဲ့ ခေါင်းဆောင်စူဂွမ်မိုနဲ့ ယှဉ်ရင် တော်တော်လေး အလှမ်းဝေးတယ် မဖြစ်နိုင်ဘူး"

"ဒါဆို ဘယ်သူဖြစ်နိုင်လဲ ။ သူက အရင်က ကလေးထိန်းဖြစ်ခဲ့တယ်နဲ့ တူတယ် "

ဥက္ကဌ လန်ကျင်းတစ်ယောက် ထိုစာကိုမြင်ပြီး နှလုံးတောင် အောင့်သွားသည်။

အများစုရဲ့ ခန့်မှန်းချက်တွေက မှားနေပေမယ့် တကယ့် တကယ့်ကိုအရှာတော်ပြီး ကြိုးကြောင်းဆက်စပ်တွေးနိုင်လွန်းကြတဲ့ အွန်လိုင်း expert တွေ ရှိနေကြတာကိုတော့ မမေ့သင့်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Where stories live. Discover now