Chapter 69 : Regular Season's Result

1K 266 15
                                    

ပိုင်ရွှယ်နဲ့ လီချန်းယွီက သူတို့ရဲ့ပုံစံအမှန်ကိုမပြောပြပဲ သာမန်သူငယ်ချင်းတွေလို စကားတွေပြောရင်း ရှောင်ဟိုင်နဲ့ ပိုပြီးရင်းနှီးအောင်လုပ်ခဲ့ကြသည်။

သာမန်စကားဝိုင်းလေးကနေ ထို ကပြားကောင်လေးက အေးဆေးတယ်လို့ထင်ရပေမယ့် တကယ်တမ်း သူက ခံစားလွယ်တဲ့ကလေးတစ်ယောက်ဖြစ်တဲ့အပြင် သူက နယ်မြေသစ်မှာရှိတဲ့ guild တွေရဲ့အကြောင်းကိုလည်း အကုန်လုံးနီးပါးသိနေတာကို လီချန်းယွီ သိလိုက်ရသည်။ အဲ့တာထက် ပိုပြီးထူးခြားတာက ရှောင်ဟိုင်က American Miracle League ကို ကြိုက်တဲ့အပြင် သူအကြိုက်ဆုံးကစားသမားကလည်း Tree တဲ့

ထို ID ကို ကြားပြီး ပိုင်ရွှယ်တို့ သောက်လက်စ လက်ဖက်ရည်တောင် ဖူးကနဲ့ အပြင်ကို ထွက်သွားသည်။

Tree က ICE အသင်းရဲ့ ကစားသမား ရှီစူရမ်၏ ID ဖြစ်နေတာကြောင့် ဖြစ်သည်။

ဆိုတော့ ရှောင်ဟိုင်က ရှီစူရမ်ကို ကြိုက်တာပေါ့ ။

တစ်ဆက်တည်း ပိုင်ရွှယ်တွေးလိုက်မိတာက ဒီအကြောင်းကိုသာ အာစူသိရင် သူ့အမြီးက မိုးထိုးနေတော့မယ်ဆိုတာကို လေ ...

" World Carnival ပွဲက နောက်လနှစ်ရက်နေ့ New York မှာကျင်းပမှာ ။ မင်းသွားကြည့်မှာလား " လီချန်းယွီ မေးလိုက်သည်။

"သွားကြည့်မှာပေါ့ ။ လက်မှတ်တောင် ဝယ်ထားပြီးပြီး"

" ဒါဆိုရင် မင်း New York ကို လာတဲ့အခါကျရင် ငါ့အိမ်မှာလာနေ ။ ဟိုတယ်မှာ သွားနေပြီး ပိုက်ဆံအကုန်မခံနဲ့တော့ ။ ပြီးရင် ငါတို့ တူတူသွားကြည့်တာပေါ့ "

လီချန်းယွီဆီက ထိုစကားကိုကြားတော့ ရှောင်ဟိုင် အရမ်းပျော်သွားသည်။ ပြောရရင် သူ့ရဲ့ မုန့်ဖိုးက တကယ့်ကို အကန့်အသတ်နဲ့ပဲ ရတာမို့ လီချန်းယွီရဲ့ ကမ်းလှမ်းချက်ကို နှစ်ခါတောင် မစဉ်းစားပဲ လက်ခံလိုက်သည်။

"ကောင်းပြီလေ"

လီချန်းယွီတို့ မပြန်ခင် ကောင်လေးအတွက် New York ကလာတုန်းက စတိုးဆိုင်မှာ ဝင်ဝယ်ခဲ့တဲ့ blood kin assassin model ကို လက်ဆောင်အဖြစ်ပေးခဲ့ကြသည်။

ရှောင်ဟိုင်က လီချန်းတို့ ပေးတဲ့ လက်ဆောင်က ဈေးကြီးမှန်းသိတော့ လက်ခံဖို့ တွန့်ဆုတ်နေခဲ့ပြီး အဓိကက လီချန်းယွီတို့ အတွက် လက်ဆောင်မပြင်ထားမိခဲ့တဲ့ အတွက်ကြောင့်ဖြစ်သည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Where stories live. Discover now