အခန်း(၁၀၁) အသင်းဖွဲ့စည်းခြင်း။
လီချန်းယွီက ကျွော်ဟန်ကို တစ်ပတ်စမ်းသပ်အုံးမယ်လို့ ပြောထားပေမယ့် တကယ်တမ်း သူ့စိတ်ထဲမှာတော့ အသင်းဖော်အဖြစ် သတ်မှတ်ထားပြီးသားပင်။
ဒီအပတ် ကျွော်ဟန်နဲ့အတူတွဲပြီးကစားရမယ့် arena က ဒီကောင်လေးရဲ့ အကြောင်းကို ပိုပြီး လေ့လာဖို့လည်းဖြစ်သည်။ ကျွော်ဟန်က အချိန်တိုင်းမှာ သူ့ကိုယ်သူအမွှန်းတင်ပြီးပြောနေတတ်ပေမယ့် ထိုကဲ့သို့ သူကိုယ့်သူ ထောက်ခံပြောဆိုရဲတဲ့ သတ္တိကပင် သူက ယုံကြည်မှုရှိလွန်းတဲ့ ကောင်ငယ်လေးတစ်ယောက်ဆိုတာကို ဖော်ပြပေးခဲ့သည်။
'ပြိုင်ပွဲကွင်းထဲရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်နေခြင်းထက် ယုံကြည်မှုရှိခြင်းက ပိုပြီး သာလွန်သည်။'
ထိုအချက်တွေက ကျွော်ဟန်က အမှန်တကယ်ကို အရည်အချင်းရှိပါကြောင်းကို သက်သေပြလိုက်ပြီး စစ်ဆေးခြင်း စာမေးပွဲကို ချောချောရှူရှူနဲ့ အောင်မြင်သွားခဲ့သည်။
တစ်ပတ်ကြာပြီးတဲ့အခါ လီချန်းယွီက အသင်းသားတစ်ချို့ကို ဂိမ်းထဲဆင့်ခေါ်ပြီး ပျော်ရွှင်မြူးကြွနေသော လေသံဖြင့် voice room ထဲတွင် စကားပြောခဲ့သည်။
"မင်းတို့ကိုလည်း သတင်းကောင်းမျှဝေပေးချင်လို့ ငါ ရောက်နေတာ ... နောက်ဆုံးတော့ ငါတို့ရဲ့ အသင်းဖော်တွေကို ရှာတွေ့သွားခဲ့ပြီ။ အကယ်၍ အားလုံးလည်း အဆင်ပြေပြီဆို ဒီဇင်ဘာတစ်ရက်နေ့မှာ Dragon Warriors Club ကိုသွားပြီး လေ့ကျင့်မှုကို တရားဝင်စတင်တော့မယ်။ "
ကူစစ်မင်က စိတ်လှုပ်ရှားခြင်းများစွာဖြင့် အသင်း channel တစ်ခုလုံးကို ပန်းတွေနဲ့ ဝေဆာသွားအောင် ပြုလုပ်လိုက်သည်။
"ကောင်းလိုက်တာ .... ကျွန်တော် ဒီနေ့ကို အမြဲတမ်း အိမ်မက်မက်နေခဲ့တာ ..."
"အသင်းဖွဲ့တာက အရမ်းမြန်တာပဲ"
ရှောင်ဟန်ပြောလိုက်သည်။ ကျွော်ဟန်ကလည်း အနမ်းအီမိုဂျီတစ်တန်းဖြင့် စာရေးလိုက်သည်။
" Cat God က ရှယ်လန်း တယ် ဗျ !"
လီရှောင်ကျန်းလည်း စိတ်လှုပ်ရှားနေပေမယ့် ထိုခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိတာနဲ့ ဒီအတိုင်းတိတ်တိတ်လေးနေပြီးသာ တစ်ခြားအသင်းဖော်တွေရဲ့ စကားကို နားထောင်နေခဲ့သည်။
![](https://img.wattpad.com/cover/246400123-288-k272361.jpg)
VOUS LISEZ
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Non-Fictionဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...