Chapter 90 : Heartbeat

1K 242 61
                                    

လီချန်းယွီ အိပ်ရာက နိုးလာတော့ ဘာကြောင့်မှန်းရယ်မသိ သူ့မျက်နှာကြီးက ပြုံးနေခဲ့သည်။ ထို့နောက် အူကြောင်ကြောင်ဖြစ်နေသည့် အတွေးတစ်ချို့နဲ့ သူအိမ်မက်ကို ပြန်စဉ်းစားကြည့်လိုက်သေးသည်။

' သိပ်ကို ထူးဆန်းတယ် ဘယ်လိုလုပ် အဲ့လိုအိမ်မက်ကြီးကို မက်ရတာလဲ '

'တကယ်ပဲ ယောက်ျားနှစ်ယောက်အတူအိပ်ကြတယ် ဆိုတာကြီးက တော်တော်လေးထူးဆန်းမနေဘူးလား။'

သူကရော ဘာလို့ လင်းရှီဖန် ပုခုံးကိုမှီပြီး ဘာမှမတွေးနိုင်ဘဲ အေးအေးလူလူအိပ်ပျော်နိုင်ရတာလဲ။

ဒါက ပင်ပန်းလွန်းလို့ မထင်မှတ်ဘဲ အိပ်ပျော်သွားတယ်ဆိုရင် ထားပါဦး ။ အဲ့ဒီမတိုင်ခင် လင်းရှီဖန်ကို အတင်းဖက်ထားမိတာကရော ...

ဦးနှောက်က တစ်ခုခု ဖြစ်နေတာ သေချာပြီ '

လီချန်းယွီ အတွေးစတွေဖြတ်ပြီး ရေချိုးခန်းထဲ ပြေးဝင်သွားကာ ရေအေးအေးနဲ့ မျက်နှာသစ်လိုက်သည်။ သူအခန်းထဲက ထွက်လာတော့ ပိုင်ရွှယ်က မီးဖိုချောင်မှာ စွပ်ပြုတ်နဲ့ အစာကြေလွယ်မယ့် ဟင်းပွဲတစ်ချို့ကို ချက်နေပြီဖြစ်သည်။ ထို့နောက် ပိုင်ရွှယ်ချက်ပေးလိုက်တာတွေကို သေချာထုပ်ပိုးပြီး ဆေးရုံသို့ ထွက်လာခဲ့လိုက်သည်။

ဆေးရုံရောက်ပြီး သူ့အဖေရဲ့ အခန်းရှေ့မှာ ရပ်တန့်သွားစေသည်က ပြတင်းပေါက်မှန်ကနေတဆင့် မြင်နေရသည့် သူ့အဖေကုတင်ဘေးမှာထိုင်နေသည့် လင်းရှီဖန်ကြောင့်ဖြစ်သည်။

'သူက ဘယ်လို ရောက် နေတာလဲ '

လင်းရှီဖန်က ပန်းတွေနဲ့ အသီးအနှံတွေဝယ်ပြီး လီချန်းယွီ၏အဖေကို လာတွေ့တာဖြစ်သည်။ သူက ကုတင်ဘေးမှာ ခုံတစ်ခုံဆွဲယူပြီး အကျအနထိုင်ကာ လီအဖေကြီးနဲ့ စကားလက်စုံကျနေသည်။

လီချန်းယွီအထဲမဝင်သေးဘဲ တံခါးကို ဟရုံမျှဖွင့်ပြီး လင်းရှီဖန်နဲ့ သူ့အဖေတို့ ပြောနေတာကို နားစွင့်လိုက်သည်။

"မတော်တဆဖြစ်တာက အတွင်းအင်္ဂါ တွေမထိသွားဘူး။ အရေးပေါ်အခန်းရောက်သွားတာကလည်း သွေးထွက်လွန်သွားလို့ " လီကျင်းနန်က သေချာရှင်းပြနေသည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Donde viven las historias. Descúbrelo ahora