အခန်း(၁၀၇) နှစ်ယောက်တွဲ တိုက်ပွဲ
arena စမ်းသပ်ပွဲမှာ လီချန်းယွီနဲ့ လင်းရွှယ်ဖုန်းတို့က အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး သူတို့နှစ်ယောက်က ဂိမ်းဇာတ်ကောင်ကို ဒီအတိုင်းပစ်ထားကာ သုံးမိနစ်ကြာအောင် စကားပြောခဲ့တာကြောင့် system ကပင် အသိပေးစာ ပို့လာသည်အထိ ဖြစ်ခဲ့သည်။
[ ဂိမ်းထဲမှာ မလှုပ်မရှားပဲ ရပ်မနေပါနဲ့ ၊ မဟုတ်ရင် သင့်ရဲ့အကောင့် အပိတ်ခံရပါမယ် ]
ကျွင်းမိုတစ်ယောက် ပြောစရာစကားတို့မရှိဘဲ ဖြစ်သွားသည်။ သူတို့နှစ်ယောက်က စကားတွေ အများကြီးပြောနေကြတာ system ကတောင် သတိပေးလာတဲ့အထိပဲ။
တစ်ချို့သောကစားသမားတွေအတွက် ပြိုင်ပွဲကွင်းမှာ ရန်သူနဲ့တွေ့တဲ့အခါ မတိုက်ခိုက်ဘဲ ငြိမ်နေရင် အငြင်းသဘောဆောင်သည်ဟု သတ်မှတ်ပြီး ထိုအတွက်သုံးမိနစ်အချိန်ပေးကာ system က သတိပေးလေ့ရှိသည်။ သတိပေးမှု ပြီးရင်တော့ ကစားသမားရဲ့အကောင့်က အပိတ်ခံလိုက်ရမှာ ဖြစ်သည်။
သတိပေးချက်လည်း ရပြီးတော့ လီချန်းယွီက အရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ လှုပ်ရှားမှုပြုလိုက်ပြီး သူ့ရဲ့ နတ်သူငယ်ကို ထိန်းချုပ်မှုပြုလုပ်နေစဉ် public screen ၌လည်း စာရေးလိုက်သည်။
လီချန်းယွီ : [ရှောင်ဟန်နဲ့ ကျွင်းမို ၊ မင်းတို့နှစ်ယောက် တိုက်နေလိုက်]
လင်းရွှယ်ဖုန်းက လက်ခံကြောင်း စာပြန်လိုက်သည်။ [ဟုတ်တယ်]
ရှောင်ဟန်ကဖြင့် အံ့ဩမဆုံး။ ' ဆရာ ကျွန်တော်တို့ တိုက်ခိုက်ဖို့အတွက် လာတာမဟုတ်ဘူးလား။'
ထိုစဉ် လီချန်းယွီ၏အတွေးက ... ' ငါက ပြိုင်ပွဲကွင်းမှာ လင်းရွှယ်ဖုန်းနဲ့ တွေ့ခဲတယ်၊ ဒါကြောင့် သူ့နဲ့ စကားပြောချင်တာက သဘာဝပဲ။ အခုလေးတင်ဆုံကြတာကို ဘယ်လိုလုပ် တိုက်ခိုက်ရမှာတုန်း။ ဆရာတွေက ခံစားချက်တွေဖလှယ်နေတဲ့အချိန် တပည့်နှစ်ယောက်ကို တိုက်ခိုက်စေတာက အကောင်းဆုံးပဲပေါ့။
"ငါ ကြည့်နေမယ်" လီချန်းယွီက ပြတ်ပြတ်သားသားပြောလာသည်။ " လာ ၊ ဒီတလောအတွင်း မင်းတိုးတက်ခဲ့တာတွေကို ငါ့ကိုပြ "
YOU ARE READING
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
Non-Fictionဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...