Merry Christmas : 2020

2.2K 258 51
                                    

"လီချန်းယွီ ... မင်းအပြင်မသွားဘူးလား"

ပိုင်ရွှယ် ဧည့်ခန်း ဆိုဖာပေါ်တွင် အိပ်ပြီးဖုန်းကြည့်နေသော လီချန်းယွီအား မေးလိုက်သည် ။

"မသွားဘူးလေ။ ဘာဖြစ်လို့လဲ။ "

ထိုစကားကို အိပ်လျက်နေရင်းကိုမှ ဖုန်းကြည့်မပျက်ပဲ ပြောလာသော လီချန်းယွီကြောင့် ပိုင်ရွှယ် အနည်းငယ်တော့ အံ့ဩမိသွားသည် ။

'ဒီနေ့ ဘာနေ့လဲ သူမသိတာလား။'

မဟုတ်ရင် အခုလို ခရစ်စမတ် နေ့မှာ သူက ဘာလို့ ဒီလောက်တောင် ငြိမ်ကုပ်နေတာလဲ ။

"လီချန်းယွီ ...."

ပိုင်ရွှယ် သူ့ကိုအနည်းငယ်တောင် ဂရုမစိုက်ဘဲ ဖုန်းကိုသာ အာရုံစိုက်ကြည့်နေသော လီချန်းယွီအား အသံမြှင့်ကာ ခေါ်လိုက်သည်။

"ပာင် "

သူ အခုထိ လှည့်မကြည့်သေးပေ။

"ခရစ်စမတ် မှာ ပျော်ရွှင်ပါစေ"

ထိုအခါမှ သူက ချက်ချင်းကို ထထိုင်ပြီး အခုမှတစ်ခုခုကို သတိရသွားပာန် မျက်နှာပေးဖြင့် ပိုင်ရွှယ်အား ရယ်ပြလေသည်။

"အာ .... ဒီနေ့က ခရစ်စမတ် နေ့ဆိုတာ ငါမေ့သွားတယ် "

"ဟုတ်လို့လား.... မေ့တယ်ဆိုတာ တကယ်လား။ "

ပိုင်ရွှယ် မျက်ခုံးကြီးကြုပ်ကာ ထပ်မေးလိုက်သည်။

ဟုတ်တယ်..အခုမှ သေချာ ပြန်စဥ်းစားကြည့်တာ မနက်က သူပဲ ရှောင်ဟိုင်ကို ခရစ်စမတ်မှာ အိမ်ပြန်ချင်လားလို့ မေးနေသေးတယ်လေ....
အခုမှ မေ့တယ်ဆိုတော့....

"ဘာလို့လဲ ပိုင်ရွှယ်...မင်းက ငါ့ကို သင်္ကာမကင်းတဲ့ မျက်လုံးတွေနဲ့ လာကြည့်နေသလိုပဲ "

လီချန်းယွီက ဆိုဖာပေါ်ကထလာပြီး ပိုင်ရွှယ်ရဲ့ ပုခုံးကို ဖက်ကာ ‌ပြောလိုက်သည်။

"ဘာလို့ ကြည့်ရမှာလဲ။ မကြည့်ပါဘူး။ မေ့တယ် ဆိုလည်း ပြီးတာပဲလေ။ အပြင်မသွားဘူးဆိုလည်း ပြီးရောပေါ့ ။ "

" အယ် အယ် နေပါဦး ။ မင်းအခု အပြင်သွားမလို့လား ။ "

"အေးလေ .... ရှောင်ဂူလေးက နယူးယောက်ခရစ်စမတ်ပွဲတော်ကို လျှောက်ကြည့်ချင်လို့တဲ့ ။ အဲ့တာ လိုက်ပို့ ပေးမလို့ "

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Donde viven las historias. Descúbrelo ahora