Chapter 79 : 3v3 Group State (1)

1.1K 237 13
                                    

နယူးယောက်အချိန် ည ခုနစ်နာရီတွင် ကျန်ရှိနေတဲ့ သုံးယောက်တစ်ဖွဲ့ ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။

ကာနီဗယ် ပွဲတော်က ငါးရက်ပဲ ကျင်းပမှာဖြစ်လို့ အဖွဲ့လေးဖွဲ့တွင် ပါဝင်သည့် အသင်း (၂၀)သင်းက အလှည့်ကျယှဉ်ပြိုင်သည့် နည်းဖြင့် ကစားရမှာဖြစ်ပြီး Miracle League ၏ အကြီးအကဲတွေကလည်း ပြိုင်ပွဲကျင်းပသည့် နေရာကို ပိုပြီးကျယ်တဲ့နေရာကို ရွှေ့ပြောင်းလိုက်သည်။ ထိုနေရာတွင် အဓိက စတိတ်စင်တစ်ခုနှင့် စတိတ်စင်အသေး သုံးခုသာ ရှိပြီး ထိုစတိတ်လေးခုလုံးကို အဖွဲ့တွေအကုန်လုံး တစ်ခါတည်း ကစားနိုင်အောင် အဆင့်မြင့်နည်းပညာများဖြင့် ချိတ်ဆက်ထားပေးသည်။ ထို့အပြင် online broadcast ကိုလည်း လေးခုခွဲပြီး တစ်ချိန်တည်းပြသနိုင်အောင် စီစဉ်ပေးထားသေးသည်။

US မှာရှိတဲ့ official channel က main state က ယှဉ်ပြိုင်မှုကိုသာ ထုတ်လွှင့်မှာဖြစ်ပြီး ကျန်တဲ့ state သုံးခုကယှဉ်ပြိုင်မှုကိုတော့ live video အနေနဲ့ထုတ်ပေးမှာဖြစ်ကာ နိုင်ငံတစ်ခုချင်းစီက သူတို့ကြိုက်နှစ်သက်ရာ ပြိုင်ပွဲတစ်ခုကို ရွေးချယ်ကြည့်လို့ရသည်။

ခုနစ်နာရီတွင် ပြိုင်ပွဲလေးခုလုံးကို စတင်ခဲ့ပြီး main stage မှာတော့ Group C က South Korea team 2 (တောင်ကိုရီးယားအဖွဲ့ ၂ ) နှင့် US team 1(US အဖွဲ့ ၁) တို့ယှဉ်ပြိုင်ကြမှာဖြစ်သည်။ ထိုအသင်းနှစ်သင်းလုံးက အရမ်းတော်တဲ့အသင်းတွေဖြစ်ပြီး ကစားသမားတွေကလည်း ကြယ်အဆင့်ရှိတဲ့သူတွေဖြစ်ကြတာမို့ သတ်မှတ်စံနှုန်းကလည်း သိပ်မဆိုးလှပေ။

သို့ပေမယ့် ပြည်တွင်းမှာပြတဲ့ broadcast ကတော့ main state ကပြိုင်ပွဲကိုဖြုတ်ချပြီး sub-stage မှာပြိုင်နေတဲ့ တရုတ်အသင်းနဲ့ပြိုင်ပွဲကို ထုတ်လွှင့်ပြသခဲ့သည်။

သေချာပေါက် သူတို့ကတော့ သူ့တို့အသင်းပြိုင်ပွဲကိုပဲ ပြမှာပေါ့ ။

Group D မှာတော့ တန်စီထျန် ၊ လုံဝူရွှမ်းနဲ့ လျှိုရှောင် တို့အသင်းက ပထမပွဲမှာ ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ရသည်။

ဆွီဒင်နိုင်ငံ၏ e-sport အခြေအနေက နှစ်တော်တော်ကြာသည်အထိအရမ်းကောင်းခဲ့တာမို့ သူတို့အသင်းထဲမှာလည်း ကမ္ဘာအဆင့် နတ်ဘုရားတွေရှိခဲ့သည်။ ထိုအချိန်က StarCraft (ဆွီဒင်နိုင်ငံရှိ esport ကိုစတင်တည်ထောင်ခဲ့သည့် အသင်း) အသင်းက e-sports ကိုစတင်ပေးခဲ့ပြီး အရမ်းတော်တဲ့ကစားသမားတွေလည်း အများကြီးရှိခဲ့သည်။ သူတို့က အကျော်ကြားဆုံးကစားသမားတွေနဲ့တောင် တစ်ယောက်ချင်းယှဉ်တိုက်နိုင်သည်အထိ တော်ခဲ့ကြသည်။ နောက်ပိုင်း အဖွဲ့လိုက်ကစားနည်းတွေက တိုးတက်ကျယ်ပြန့်လာခဲ့ပေမယ့် professional ကစားသမားတွေအများကြီးမရှိတော့ပေ။ အခုလက်ရှိ ဆွီဒင်နိုင်ငံ၏ league ကလည်း အနည်းငယ်သာ ကျယ်ပြန့်ပြီး e-sports လောကမှာဆိုရင် သူတို့ရဲ့ အဆင့်က နိမ့်သည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Onde histórias criam vida. Descubra agora