Chapter 93 : Qin Mo VS Xiao Han

935 243 41
                                    

Cat God ကိုမနိုင်ပေမယ့် Cat God ရဲ့ တပည့်ကို နိုင်မယ်ဆိုသည့် ယုံကြည်ချက်က ကျွင်းမို၏စိတ်တွင် အပြည့်အဝရှိနေသည်။

ကျွင်းမိုက သူ့ဆရာအခန်းထဲက ပြန်လာပြီးတာနဲ့ ချက်ချင်းပဲ Wind Colour guild ခေါင်းဆောင်ဆီသွားပြီး မတူတဲ့ class နဲ့ side account ဆယ်ခုပေးဖို့ သွားတောင်းခဲ့သည်။ ထို့နောက် အကောင့်နာမည်တွေနဲ့ password တွေကို ချရေးပြီး မနက်ဖြန်ညမှာစတင်မယ့် arena challenge အတွက် စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။

နောက်တစ်နေ့ ည ရှစ်နာရီတွင် လီချန်းယွီက သူ့ရဲ့ ပြိုင်ပွဲအတွက် VIP room ပါ လုပ်ပြီး အကြီးအကျယ်ပြင်ဆင်ထားလေသည်။ ထို room ကို Challenge Arena လို့နာမည်ပေးထားပြီး တစ်ချိန်တည်းမှာပဲ Small Elf ကလည်း world channel တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

[Food Squad အသင်းက arena challenge ဖွင့်ထားပါတယ်။ ပထမအဆင့် ပြိုင်ပွဲအတွက် အနိုင်ရသူကို ရွှေသား ငါးသောင်းနဲ့ ဒုတိယအဆင့်အတွက် ရွှေသား တစ်သန်း ပေးမှာပါ။ ဒါကြောင့် ပြိုင်ပွဲကို စိတ်ဝင်စားတဲ့ ဘယ်ကစားသမားမဆို လာရောက် ယှဉ်ပြိုင်နိုင်ပါတယ်]

ထိုကြေညာချက်ထုတ်ပြန်ပြီးသည်နှင့် ကြည့်ရှူသူအမြောက်အမြားနှင့် arena တွင်ရှိနေသည့် ကစားသမားအားလုံးကိုပါ ပြင်းထန်သည့် ရိုက်ခတ်မှုတစ်ခုလို ဆွဲဆောင်လိုက်နိုင်သည်။

လီချန်းယွီကလည်း room channel မှနေပြီး ရှင်းလင်းချက်တွေ ထုတ်ပြန်နေသည်။

[ဒီပွဲကို စိန်ခေါ်ချင်တဲ့ ဆရာတွေ ရှိလား။ ပြိုင်ပွဲဝင်ကြေးက ရွှေသား တစ်ထောင်ပါ။]

[အိုး ... မင်းဘာလို့ ဝင်ကြေးပေးရမယ်လို့ မပြောခဲ့တာလဲ!]

[ခေါင်းဆောင် ခင်များ အရမ်းများသွားပြီ!]

လီချန်းယွီ : [ဝင်ကြေးက တစ်ထောင်ပဲလေ ။ မင်းတို့ နိုင်ရင် ငါးသောင်းတောင် ရမှာ။ ငါ့ရဲ့ ဝင်ကြေးက တော်တော်လေးတန်နေပြီ။ မင်းတို့သာ ယုံကြည်ချက်ရှိရင် လာပြိုင်ပေါ့ ]

ပြိုင်ပွဲနဲ့ပတ်သတ်ပြီး ဝင်ကြေးပေးရမယ့်ကိစ္စကို လူတိုင်းက အလိုမကျကြပေ။ ထို့အပြင် ထိုကဲ့သို့သော ဝင်ကြေးပေးပြီးမှ ဝင်ပြိုင်ရမည့် ပြိုင်ပွဲမျိုးကိုလည်း သူတို့ပိုက်ဆံအကုန်ခံပြီး ဘယ်သူမှဝင်မပြိုင်ချင်ကြပေ။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Onde histórias criam vida. Descubra agora