Chapter 92 : Battle Arena

870 227 30
                                    

လီချန်းယွီ ဂိမ်းထဲ log in ဝင်ပြီး guild အခြေအနေကို ဝင်ကြည့်လိုက်သည်။ ဒီတစ်ခါလည်း သူ့ guild ရဲ့ ပြန်လည်ပြုပြင်ရေးအမှတ် (contribution point) က အပြည့်ဖြစ်နေပြန်သည်။

guild အသင်း၏ ဒုခေါင်းဆောင် Small Elf က လီချန်းယွီ လိုင်းတက်တာ မြင်တာနဲ့ သီးသန့်စာပို့လိုက်သည်။

[ခေါင်းဆောင်... ပြန်လည်ပြုပြင်ရေးအမှတ်က ပြည့်သွားပြီ။ ကျွန်တော်တို့ guild ကို level 5 အထိမြှင့်လို့ရပြီ !]

လီချန်းယွီ : [မင်းက အရမ်းတော်တာပဲ]

Small Elf [ရပါတယ် ခေါင်းဆောင်!]

ထို့နောက် လီချန်းယွီက guild ကြီးကြပ်သူတွေဆီသွားပြီး Food Squad အသင်းကို level five အထိ မြှင့်လိုက်သည်။ server ကလည်း ရွှေရောင်အသိပေးစာနဲ့အတူ ကြေညာချက်ထုတ်ပြန်လိုက်သည်။

[Congratulations to the Food Squad for upgrading to level 5! A level five guild has no limit on the number of people. Feel free to apply!]

ထိုအသိပေးစာက server တစ်ခုလုံးက major guild ခေါင်းဆောင်ဆီပါ ပျံ့နှံ့သွားပြီး အကုန်လုံးက အံ့ဩကုန်ကြသည်။ သို့ပေမယ့် Food Squad အသင်းခေါင်းဆောင်က Cat God မှန်းသိနေကြတော့ ဖြည်သိမ့်လိုက်နိုင်သည်ပေါ့။ ထိုထဲတွင် ထူးထူးခြားခြား ထိုလျို့ဝှက်ချက်ကို မသိတဲ့ သူက လျှိုရှောင်လျှို ဖြစ်နေပြီး သူက ထိုကြေညာချက်ကို မြင်တာနဲ့ သူ့ခေါင်းဆောင် Time Machine ဆီကို စာပို့လိုက်သည်။

[ခေါင်းဆောင် Food Squad အသင်းက level five အထိ ရောက်သွားပြီ။ ကျွန်တော်တို့ ထပ်ပြီး ဘာလုပ်ရင်ကောင်းမလဲ။ သူတို့နဲ့ ဆက်ပြီး ပူးပေါင်းနေရမလား။]

[ဒါပေါ့ အဲ့ဒီ guild က Cat God ရဲ့ အသင်းဖြစ်နေတဲ့ဟာ ဆက်ပူးပေါင်းရမှာပေါ့]

[Cat God? ဘယ်က Cat God လဲ]

[မင်း အကြိုက်ဆုံး ချောင်ဝေရဲ့ idol Cat God]

လျှိုရှောင်လျှို : [....]

ဘုရားရေ သူက အဲ့ဒီလူကို ချောင်ဝေရဲ့ ဖန်ထင်ပြီး အသင်းထဲဝင်ဖို့ကို လက်မှတ်နဲ့တောင် မျှားခေါ်ခဲ့တာမဟုတ်ဘူးလား။

အဲ့ဒီအပြင်ကို ကစားအသစ်တွေရဲ့ ရွာမှာ Braised Fish က နတ်သူငယ်အစွမ်းပြောင်းတုန်းက လှောင်ပြောင်ပြီး ပြောခဲ့သေးတယ်လေ

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Donde viven las historias. Descúbrelo ahora