စိန်ခေါ်သူ
လီရှောင်ကျန်းအဖို့ သူ့တစ်သက်မှာ e-sport ကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ dark magician(အနက်ရောင်မှော်အစွမ်းရှိသူ) က သူအကြိုက်ဆုံး class ဖြစ်ပေမယ့် နှေးလွန်းနေတဲ့ သူ့လက်ရည်ကို တိုးတက်ဖို့ သူမကြိုးစားနိုင်ခဲ့ဘူး။ သူ ကလေးဘဝကတည်းက မကျွမ်းကျင်ဆုံးအရာတစ်ခုက လူတွေနဲ့ ပြောဆိုဆက်ဆံခြင်းပဲ။ စကားပြောလိုက်တိုင်း သူ့လျှာက မထစ်ငေါ့ပဲ မနေနိုင် ... အကြိမ်များစွာ အရယ်ခံရမှုအပြီးမှာ သူဟာ စကားပြောခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိတော့။ အခွံလေးတစ်ခုထဲ သီးသန့်နေရတာကြိုက်တဲ့ ခရုလေးလို ဖြစ်လာခဲ့တယ်။ ဘေးနားကလူတွေက သူ့အပေါ်ဘယ်လိုထင်မြင်ချက်တွေပဲထားထား ဂရုစိုက်မနေပဲ သူကတော့ ဖြည်းဖြည်းနဲ့မှန်မှန်သာ ရှေ့ဆက်လျှောက်နေခဲ့တယ်။
သူက ဂိမ်းထဲမှာ Cat God နဲ့ မမျှော်လင့်ပဲဆုံခဲ့ရပြီး အသင်းထဲဝင်ဖို့တောင် ဖိတ်ကြားခြင်း ခံခဲ့ရတယ်။ အခု လီရှောင်ကျန်းရဲ့ နှလုံးသားက မြင်းတစ်ကောင်ရဲ့ ခြေထောက်ကိုများ ငှားတပ်ထားသလားထင်ရအောင် ကဆုန်ပေါက်ပြီး အခုန်မြန်နေသည်။ လက်ချောင်းလေးတွေအထိ တုန်ရီနေပေမယ့် သူကတော့ စိတ်လှုပ်ရှားနေခြင်းကို ဖော်ပြချင်ပုံမပေါ်ပေ။ ကွန်ပျူတာရှေ့မှထကာ သူဌေးရဲ့ရုံးခန်းထဲ အပြေးသွားပြီး လက်သီးကိုတင်းကြပ်နေအောင်ဆုပ်လိုက်ကာ လီရှောင်ကျန်းက ဆိုသည်။
"ကျွန်တော် - ကျွန်တော် ကစားချင်တယ် ... ဂိမ်းကစားချင်တယ်။ နောက် - နောက်လ ကျရင် ကျွန်တော် အလုပ်မလာတော့ဘူး။ "
လိုင်းသုံးခြင်းအပေါ် အာရုံရောက်နေသော သူဌေးဖြစ်သူက လီရှောင်ကျန်းအား စိုက်ကြည့်ကာ ပြန်မေးသည်။
"ဘာဂိမ်းလဲ"
" Miracle Professional League"
ထိုသူဌေးနာမည်က လီဟိုင်ဖြစ်ပြီး လီရှောင်ကျန်း၏ တစ်ဝမ်းကွဲအကိုလည်းဖြစ်သည်။
လီရှောင်ကျန်းက ငယ်ငယ်ကတည်းက နှေးကွေးပြီး သူ့ပုံစံက အမြဲတမ်း သုန်မှုန်နေကာ အဆင့်တွေလည်း သိပ်မကောင်းခဲ့တာကြောင့် အထက်တန်းကျောင်းပြီးတော့ တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာလည်း ဝင်ခွင့်မရခဲ့ပေ။ လူမှုဆက်ဆံရေးလည်း မကောင်းတဲ့ ဒီကလေးရဲ့ အနာဂတ်အတွက် ဘယ်လိုမျိုး ဖြည့်ဆည်းပေးရမလဲ ဆိုတာ အကြံမရှိတော့တဲ့ မိဘတွေက ရှောင်လီရှိတဲ့ နယ်မြို့လေးဆီပို့ပြီး နှစ်အနည်းငယ်လောက်အချိန်ကုန်စေကာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ ရည်ရွယ်လိုက်ကြသည်။
ESTÁS LEYENDO
ဆင့်ခေါ်သူ (Volume II) [ရပ်နား]
No Ficciónဆင့်ခေါ်သူ (God level Summoner _ Volume II) Volume-II မှာ ပျော်စရာကောင်းတဲ့ ကာနီဗယ် ပွဲတော်အကြောင်းရယ် ၊ ကြောင်သားလေ ချောင်၀ေလေးနဲ့ ကြောင်အဖေကြီး ရယ် ၊ ကြောင်သားလေးကို ချစ်တဲ့ စီထျန်ရယ်နဲ့ ၊ ကြောင်အဖေကြီးကို ချစ်တဲ့ ရှီဖန်တို့ကို ဖတ်ပြီး လီချန်းယွီရ...