Chapter 67 : Abusing the TeenagerMiracle

1K 257 37
                                    

တိုက်ခိုက်ရေးသမားက ပစ္စည်းတွေစုပြီးထုတ်ကုန်တွေထုတ်သည့် life player နဲ့မတူပဲ ခြားနားသည်။ တိုက်ခိုက်ရေးသမားများ၏ နေ့စဉ်လုပ်ဆောင်ချက်တွေက ကစားသမားတွေကို လိုက်သတ်ပြီး ဆုတွေရယူခြင်းဖြစ်ပြီး NPC ကလည်း သူတို့သတ်ရမယ့်သူကို ကျပန်းရွေးချယ်ပေးတာဖြစ်သည်။ အကယ်၍ တိုက်ခိုက်ရေးသမားကို လူသတ်ဖို့ ငှားရမ်းမယ်ဆိုရင်လည်း ပိုက်ဆံအများကြီးပေးရသည်။ ထို့ကြောင့် တိုက်ခိုက်ရေးသမားလုပ်တာက ပိုက်ဆံအများကြီးကို မြန်မြန်ရနိုင်သည့် နည်းလမ်းဖြစ်ပြီး အန္တရာယ်လည်း အရမ်းများသည်။

ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရေးသမားက တခြားသော life player တွေထက်စာရင် စိတ်ဝင်စားစရာကောင်းသည့် class မို့ ထိုကောင်လေးလည်း ဂိမ်းစဆော့ကတည်းက assassin (တိုက်ခိုက်ရေးသမား) ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အခုချိန်ထိ ၉၉ ကြိမ်တိတိ လူသတ်ခဲ့ပြီးဖြစ်သည့် ထိုကောင်လေးက နောက်တစ်ကြိမ်သာ ထပ်သတ်ပြီးရင် ဒီထက်ပိုခက်ပြီး စိတ်ဝင်စားစရာကောင်းသည့် mission နဲ့ သူလည်း တစ်ခါတည်းကို dimond killer ဖြစ်သွားမှာဖြစ်သည်။

သို့ပေမယ့် ကံကောင်းခြင်းများစွာက ဆောင်ကျဉ်းလို့ Love to Eat Braised Fish နဲ့ ဆုံရသည့်အပြင် အတွင်းခံဘောင်းလီတစ်ထည်သာ ကျန်တော့သည်အထိ အရှက်လည်း ကွဲခဲ့ရသည်။

ထိုအကြောင်းကို တွေးမိတိုင်း ခံပြင်းလွန်းလို့ သွားတွေတောင်ကြိမ်းသည်အထိ ပင်...

သို့ပေမယ့် လက်စားချေလိုစိတ်က ပိုပြင်းနေတာမို့ လီချန်းယွီပြောတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။ ရည်ရွယ်ချက်ကတော့ spy အဖြစ်နေပြီး အားနည်းချက်ကို လိုက်ရှာမည်ပေါ့

လီချန်းယွီ : [ကယ် အားလုံးပဲ Beast Jungle ကိုသွားကြမယ်]

လီချန်းယွီက ဦးဆောင်လို့ စူရမ်တို့အပါအဝင် ထိုကောင်လေးလည်း နောက်ဆုံးမှ အပြေးလေးလိုက်သွားခဲ့သည်။

Beast Jungle က level 100 ရှိတဲ့နယ်မြေဖြစ်ပြီး ကစားသမားတိုင်းကလည်း level အမြင့်တွေချည်းဖြစ်သည်။ ထိုနယ်မြေက လူတွေအရမ်းများပေမယ့် လီချန်းယွီအနောက် အမြဲလိုက်နေကျမို့ လူကွဲမှာကို စိတ်ပူစရာမလိုအောင် မှတ်မိနေသည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Where stories live. Discover now