Chapter 73 : Receiving an Apprentice

1K 260 21
                                    

အောက်တိုဘာ တစ်ရက်နေ့တွင်တော့ လူတိုင်းက လုပ်စရာမရှိပဲ အားလပ်ရက်ရနေကြပြီး ရှောင်းဂူလေးကတော့ ကမ္ဘာပေါ်မှာအကြီးဆုံးဆိုင်ဖြစ်သည့် Miracle store သွားဖို့ တက်ကြွနေသည်။ ရှောင်ဟိုင်လေးက စိတ်မဝင်စားပေမယ့် ရှောင်ဂူရဲ့ ဆွဲဆောင်မှုနဲ့အတူ စတိုးထဲမှာရှိတဲ့ များပြားလှသော ဂိမ်းဇာတ်ကောင်တွေနဲ့ Miracle နဲ့ပတ်သတ်သမျှပစ္စည်းအစုံကိုတွေ့လိုက်ရတော့ သူလည်း မျက်လုံးအရောင်တွေလက်သွားသည်။

လီချန်းယွီလည်း ကလေးနှစ်ယောက်ရဲ့ အမူအရာကိုကြည့်ပြီး ကျန်တဲ့အဖွဲ့သားတွေပါခေါ်ပြီး စတိုးကိုသွားဖို့ ဆုံးဖြတ်လိုက်သည်။

World Carnival ပွဲတော်က ပထမဆုံးအကြိမ်အဖြစ် အခုမှစတင်ကျင်းပတာဖြစ်လို့ သေချာပေါက် ကမ္ဘာတစ်ဝန်းလုံးက ဖန်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသည်။ စတိုးကို ရောက်တဲ့အချိန်မှာ နိုင်ငံပေါင်းစုံက Miracle ဖန်တွေနဲ့ ပြည့်ကျပ်နေပြီး တစ်ချို့နာမည်ကြီးတဲ့ ဆိုင်တွေဆို လူတန်းရှည်ကြီးနဲ့တောင် ဖြစ်နေသည်။

(သူက ဒီမှာ store လို့သုံးထားပေမယ့် မြင်နေကျ စတိုးဆိုင်အသေးလေးကိုမတွေးပဲ Mall လိုအကြီးစားကိုသာ မြင်ယောင်လိုက်နော်)

တတိယထပ်မှာက Miracle League ၏ အကြီးဆုံး ဆိုင်ဖြစ်သည့် Miracle Square တည်ရှိပြီး ဆိုင်အဝင်ဝမှာတင် နှစ်မီတာအမြင့်ရှိတဲ့ သူရဲကောင်းခြောက်ယောက်၏ ရုပ်ထုနဲ့အတူကြိုဆိုနေတာမို့ ရုပ်ထုနဲ့တွဲရိုက်နေသူများဖြင့်လည်း ဆိုင်က တိုးပိတ် စည်ကားနေသည်။

ဂူစီမင်ကတော့ ရှောင်ဟိုင်လေးကို အတင်းဆွဲခေါ်ပြီး ဆိုင်တွေကို အပြေးအလွှားပတ်ကြည့်နေသည်။ အမျိုးစုံသောဆိုင်တွေကို စိတ်ကြိုက်လှည့်ပတ်ကြည့်ပြီးနောက် ရှောင်ဂူက သူ့ရဲ့ ဇာတ်ကောင် paladin ကိုဝယ်ဖို့ဆုံးဖြတ်လိုက်သည်။

"အရူး . အဲ့လိုပစ္စည်းတွေဝယ်ဖို့ နယူးယောက်အထိလာတာလား။ Taobao စတိုးတွေမှာ အများကြီးရှိတယ်လေ။ မင်းကို အိမ်ရောက်ငွေချေစနစ်နဲ့တောင် ပို့ပေးလို့ရတာကို "

ဝယ်မလို့လုပ်တုန်းပဲ ရှိပါသေးတယ် ။ ဒီဦးလေးက အနောက်ကနေ အလန့်တကြားခေါင်းကိုလာရိုက်ပြီး အပြစ်ပါပြောနေတော့ ရှောင်ဂူလေး ကြောင်တောင်တောင်လေးဖြစ်သွားသည်။

ဆင့်ခေါ်သူ (Volume II) [ရပ်နား]Donde viven las historias. Descúbrelo ahora